နာမည်ကျော် ကာတွန်းဇာတ်ကား Mulan ကို အသက်သွင်းရိုက်ကူးမည့် ဒါရိုက်တာနီကီကာရို

နာမည်ကျော် ကာတွန်းဇာတ်ကား Mulan ကို အသက်သွင်းရိုက်ကူးမည့် ဒါရိုက်တာနီကီကာရို
 

ဒစ်စနေး၏ ဂန္တဝင်ကာတွန်းဇာတ်လမ်း Mulan ကို ပြန်လည်အသက်သွင်း ရိုက်ကူးမည့် ဒါရိုက်တာအဖြစ် နီကီကာရို အား ရွေးချယ်ခဲ့သည်။

အမျိုးသမီးဒါရိုက်တာဖြစ်သော နီကီကာရိုသည် ဟောလိဝုဒ်စင်မြင့်ပေါ်သို့ တစ်လှမ်းချင်းတက်လှမ်းခဲ့သူဖြစ်ကာ ၂၀၀၂ခုနှစ်တွင် Whale Rider ဇာတ်ကားနှင့် လာမည့်မတ်လတွင် ထွက်ရှိလာမည့် The Zookeeper’s Wife ဇာတ်ကားတို့ကို ရိုက်ကူးထားသူဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံသူဖြစ်သော သူမအတွက် Mulan ဇာတ်ကားကို ရိုက်ကူးရန် ဘတ်ဂျက်ငွေ ဒေါ်လာသန်း၁၀၀ခန့် ထုတ်ပေးသွားမည်ဖြစ်သည်။

အကုန်အကျများမည့်ဇာတ်ကားတစ်ကားဖြစ်သလို Mulan ဇာတ်ကားအတွက်ဖိအားများမှာ အလွန်များပြားပြီး ပရိသတ်များက ဒစ်စနေးမှယခုပရောဂျက်အားမည်သို့ စီမံမည်ကိုသေချာ   စောင့်ကြည့်နေကြသည်။

Mulan ကာတွန်းဇာတ်ကားကိုလွန်ခဲ့သော ၁၉၉၈ခုနှစ်ကထုတ်လုပ်ခဲ့ပြီး ရုံဝင်ငွေဒေါ်လာ ၃၀၄သန်းခန့်ရရှိခဲ့ သည်။

ထွက်ရှိခဲ့ပြီးသည့်နောက် ၁၈နှစ်အကြာ ပြီးခဲ့သော ၂၀၁၆ခုနှစ်စက်တင်ဘာလတွင် ဒစ်စနေးမှ Mulan ဇာတ်ကားသည် နောက်ဆုံးအသက်သွင်းရိုက်ကူးမည့် ကာတွန်းဇာတ်လမ်းဖြစ်သည်ဟု   ကြေညာခဲ့သည်။

Mulan သည် အားနည်းသောဖခင်ဖြစ်သူအား စစ်ထဲသို့ဝင်ရောက်ရန်အမှာစာရောက်ရှိလာသည်ကိုတွေ့ရှိရ သောကြောင့်စိတ်ပူပင်၍ ဖခင်ကိုယ်စားယောင်္ကျားလေးတစ်ဦးအဖြစ်ရုပ်ဖျက်ကာ စစ်ထဲသို့ ဝင်ရောက်ခဲ့သော တရုတ်မိန်းမပျိုလေးတစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags