ငွေကြေးခဝါချမှုစွပ်စွဲချက်နဲ့ အလိုရှိနေတဲ့ ထိုင်းဘုန်းတော်ကြီးတစ်ပါးကို ရဲများရှာဖွေ

ငွေကြေးခဝါချမှုစွပ်စွဲချက်နဲ့ အလိုရှိနေတဲ့ ထိုင်းဘုန်းတော်ကြီးတစ်ပါးကို ရဲများရှာဖွေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၆ ။        ။ ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချမှုစွပ်စွဲချက်တွေကြောင့် အလိုရှိနေတဲ့ သြဇာတိက္ကမကြီးသော ဘုန်းတော်ကြီးတစ်ပါးကို ဖမ်းဆီးရေးအတွက် ဘုန်းကြီးကျောင်းအတွင်း ရဲတွေက ဝင်ရောက်ရှာဖွေနေပါတယ်။

ဘုန်းတော်ကြီးကို အကာအကွယ်ပေးဖို့ ကြည်ညိုရင်းစွဲရှိကြတဲ့ ဒါယကာဒါယကာမထောင်ပေါင်းများစွာက တားဆီးတာကြောင့် ကျောင်းဝင်းအတွင်း အရင်က ရဲတွေ မဝင်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရာက ခုမှ ဝင်ရောက်ရှာဖွေနိုင်တာပါ။

ဘုန်းတော်ကြီးအနေနဲ့ ကြီးမားကျယ်ပြောတဲ့ အခုကျောင်းကြီးအတွင်းမှာ ရှိနေမယ်လို့လည်း ယူဆထားကြပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ ရဲတွေက ရှာမတွေ့ကြောင်းပြောသော်လည်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လာပြီး ဆက်လက်ရှာဖွေမှာဖြစ်ကြောင်း ဆိုပါတယ်။

ဘန်ကောက်မြို့စွန်ရပ်မှာ ရှိတဲ့ အခုကျောင်းဝင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှာဖွေရှင်းလင်းခဲ့ပြီးကြောင်း ထိုင်းရဲဌာန ပြောခွင့်ရသူကဆိုပါတယ်။ ရှာဖွေဝရမ်းက ဆယ်ရက်အထိသာ တရားဝင်ကြောင်းလည်း ၎င်းက ပြောပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ ရွှေရောင်အမိုးခုံးနဲ့ အဆိုပါ ဓမ္မကေရာဘုန်းကြီးကျောင်းကို တည်ထောင်သူလည်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကြီးလည်းဖြစ်တဲ့ ဓမ္မဝါရုဘုန်းတော်ကြီးကို   ကျောင်းရန်ပုံငွေအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး စွပ်စွဲထားတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly