မွန်ဂိုလီးယားမျိုးနွယ်စု လူတစ်သိန်းခွဲကျော် ရာသီဆိုးဖြစ်စဉ်ကြံုနေ

မွန်ဂိုလီးယားမျိုးနွယ်စု လူတစ်သိန်းခွဲကျော် ရာသီဆိုးဖြစ်စဉ်ကြံုနေ

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ။             ။ ကျွဲနွားတိရစ္ဆာန်တွေ သေကျေပျက်စီးစေတဲ့ အေးခဲဆောင်းရာသီနဲ့အပြိုင် ခြောက်သွေ့နွေရာသီ ဝင်ရောက်ကာ တစ်ပြိုင်တည်းကြုံကြိုက်ဖြစ်ပေါ်မှု dzud
ဆိုတဲ့ ဆိုးဝါးပြင်းထန်းတဲ့ ရာသီဖြစ်စဉ်ကို ကြုံနေရတဲ့ မွန်ဂိုလီးယားမျိုးနွယ်စု လူတစ်သိန်းခွဲကျော်ထက်မနည်းအတွက် ကြက်ခြေနီအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်မှာ အကူအညီ တောင်းခံလျက်ရှိပါတယ်။

ပေကျင်းမှာ ရှိတဲ့ ကြက်ခြေနီအဖွဲ့တာဝန်ရှိသူတွေက မွန်ဂိုလီးယားက ရာသီဥတုဘေးကြုံနေတဲ့ လူ ၁၅၇၀၀၀ ကျော်အတွက် အကူအညီပေးရေး အမေရိကန်ဒေါ်လာ ၆၅၄၀၀၀ ဝန်းကျင်ရရှိရေးအတွက် အရေးပေါ်ရန်ပုံငွေကောက်ယူမှုကို စတင်ဆောင်ရွက်တာပါ။

မွန်ဂိုလီးယားမျိုးနွယ်စုအတွက် အစားအစာနဲ့ ဝင်ငွေရဲ့ တစ်ခုတည်းသောရင်းမြစ်ဖြစ်တဲ့ ကျွဲနွားတိရစ္ဆာန်တွေဟာ ခုရာသီဥတုဆိုးဝါးဖြစ်စဉ်အတွင်းမှာ သေဆုံးမှုတွေ ဖြစ်နေပါတယ်။

Dzud ရာသီဖြစ်စဉ်ဟာ အအေးပိုတဲ့ဆောင်းရာသီနောက်က ခြောက်သွေ့နွေရာသီ အပြိုင်ဝင်ရောက်ရာကနေ ဖြစ်ပေါ်တဲ့ ရာသီဖြစ်စဉ်ဖြစ်ပြီး မြင်း၊ နွား၊ ဆိတ်နဲ့ သိုးစတဲ့ တိရစ္ဆာန်တွေအတွက် အစားအစာရှားပါးမှုကို ဖြစ်စေပါတယ်။

မွန်ဂိုးလီးယားမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း dzud ရာသီဖြစ်စဉ် ဆက်တိုက်သုံးကြိမ်ကြုံခဲ့ရပြီး ကျွဲနွားတိရစ္ဆာန်ပေါင်း ဆယ့်တစ်သန်းအထိ သေဆုံးခဲ့ရပါတယ်။

Dzud ရာသီဖြစ်စဉ်ဟာ အစောပိုင်းက ဆယ်နှစ်မှ တစ်ကြိမ် ဖြစ်ပေါ်တယ်လို့ သိထားရပေမယ့် လက်ရှိကာလနောက်ပိုင်းမှာ လေးနှစ်တစ်ကြိမ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီအစောပိုင်းအထိ မွန်ဂိုလီးယားမှာ ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၄၂၅၄၆ ကောင် သေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly