မော်ရင်ဟို စာချုပ်သစ်ချုပ်ခြင်းက ပြိုင်ဘက်များအတွက် ထိတ်လန့်စရာ သတင်းဖြစ်လာမည်ဟု တယ်ရီပြော

မော်ရင်ဟို စာချုပ်သစ်ချုပ်ခြင်းက ပြိုင်ဘက်များအတွက် ထိတ်လန့်စရာ သတင်းဖြစ်လာမည်ဟု တယ်ရီပြော

ဇူလိုင် ၂၅၊ လန်ဒန် ။      ။ ချယ်လ်ဆီးအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလ၏အကောင်းဆုံး စာချုပ်ချုပ်ဆိုမှုအဖြစ် နည်းပြမော်ရင်ဟိုကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်မည်ဖြစ်ပြီး ယင်းမှာပြိုင်ဘက်များအတွက် ထိတ်လန့်စရာ သတင်း တစ်ခုဖြစ်လာမည်ဟု ဂျွန်တယ်ရီက ပြောဆိုလိုက် သည်။

စတာလင်း၊ ဖေဘီယန်ဒဲလ်ဖ်၊ ပက်ထရစ်ရောဘတ်စ်တို့အတွက် မန်စီးတီးအသင်းက ပေါင် ၆၂ သန်းသုံးစွဲထားချိန်တွင် မန်ယူ အသင်းက ရှဝိန်းစတိုင်ဂါ၊ ရှနိုက်ဒါလင်း၊ ဒီပေးနှင့် ဒါမီယန်တို့အတွက် ပေါင် ၆၉ သန်းသုံးစွဲထားကာ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအိုကို အငှား၊ ဘီဂိုဗစ်ကို ပေါင် ၈ သန်းဖြင့်သာခေါ်ထားသည်။

သို့သော် ချယ်လ်ဆီးအသင်းခေါင်းဆောင်တယ်ရီက မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့်ကာလရှည်လက်တွဲပြီး ရာသီသစ် တွင် ပရီးမီးယား လိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်ရန်ကြိုးပမ်းမည်ဖြစ်သကဲ့သို့ အကောင်းဆုံးဖြစ်အောင်ကာလရှည်တည်ဆောက်မည့် အစီအစဉ်ကလည်း ပြိုင် ဘက်များကို သတိထားမိစေလိမ့်မည်ဟု ပြောသည်။

"တခြားအသင်းတွေ၊ နည်းပြတွေနဲ့ရင်ဆိုင်ထားတဲ့ မှတ်တမ်းကောင်းတွေ မော်ရင်ဟိုမှာ အများကြီးရှိတယ်။ အဲဒါကို သူ့တို့ရဲ့ စိတ်ထဲမှာရှိနေပါ လိမ့်မယ်။ တခြားအသင်းကြီးတွေက ထိပ်သီးကစားသမားတွေခေါ်တဲ့အခါ ခင်ဗျားအနေနဲ့ 'အိုး' လို့ ရေရွတ် မိလိမ့်မယ်။ ဒါပေမဲ့ မော်ရင်ဟို စာချုပ်သက်တမ်းတိုးလိုက်တဲ့အခါမှာလည်း ခင်ဗျားအနေနဲ့ အလားတူပုံစံဖြစ်ကို ဖြစ်သွားမယ်။

ချယ်လ်ဆီးအတွက်သတင်းကောင်းဖြစ်ပြီး ပြိုင်ဘက်တွေအတွက်တော့ ထိတ်လန့်စရာသတင်းဖြစ်လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အခြားနည်းပြတွေက သူတို့ကိုအနိုင်ယူမယ့်နည်းလမ်းတွေကို မော်ရင်ဟိုရှာလိမ့်မယ်ဆိုတာ သိနေလို့ပဲ။ သူက လူတွေအကြောင်း ကွင်းတွင်း၊ ကွင်းပြင်သိတယ်။ ကစားသမားပဲဖြစ်ဖြစ် နည်းပြပဲဖြစ်ဖြစ် မော်ရင်ဟိုက အားလုံးသိတယ်" ဟု တယ်ရီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly