ယနေ့ညနေ တောင်ဒဂုံပစ်ခတ်မှု ဟုတ်မှန်ကြောင်း အတည်ပြု

ယနေ့ညနေ တောင်ဒဂုံပစ်ခတ်မှု ဟုတ်မှန်ကြောင်း အတည်ပြု

ဖေဖော်ဝါရီလ ၁၆၊ ။            ။ တောင်ဒဂုံမြို့နယ်တွင် တရားခံဖမ်းဆီးရင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ တောင်ဒဂုံရဲစခန်း တာဝန်မှူးက မဇ္ဈိမသို့ ယနေ့( ဖေဖော်ဝါရီ ၁၆) ညနေ ၆နာရီ ၂၀တွင် အတည်ပြုသည်။

တောင်ဒဂုံတွင် တရားခံ ၁ ဦးအား ဖမ်းဆီးရာတွင် တရားခံနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း လူမှုကွန်ယက်တွင် သတင်းများ ထွက်ပေါ်နေသည်။

“ ညနေ ၆ နာရီက ပစ်တာတော့ ကြားတယ်။ ဘယ်နားလဲ၊ ဘယ်သူလဲဆိုတာတော့ မသိသေးဘူး။
 ကုန်တိုက်မှာ ၂၁ရပ်ကွက်မှာ ဖြစ်တာလို့တော့ကြားတယ်။ ကျွန်တော်ကလည်း ဒီမှာရုံးထိုင်နေတော့ မသိရဘူး"ဟု တောင်ဒဂုံရဲစခန်း တာဝန်မှူးက ပြောသည်။

တရားခံမှ ရဲတပ်ဖွဲ့ဝင်များအားပြန်လည်ပစ်ခတ်ခဲ့ခြင်းဟု လူမှုကွန်ယက်များပေါ်တွင် သတင်းများ ထွက်ပေါ်နေသည်။

တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကတော့ တရားခံများ ဖမ်းဆီးမှု ဟုတ်မှန်ကြောင်း ပြောခဲ့သည်။

“လောလောဆယ်တော့ တောင်ဒဂုံမှာ ကားတစ်စီးနဲ့ လူတစ်စုကို လိုက်ဖမ်းတာ။ အဲဒါကို ဆိပ်ကမ်းဘက်ပြေးသွားတယ်လို့ ပြောတယ်။ ကိုယ်တိုင် ရဲကို ဖုန်းဆက်မေးတော့ ဆက်ပြီး လိုက်ဖမ်းနေတုန်းပဲတဲ့။ အပြန်အလှန် ပစ်တာ၊ ခတ်တာကတော့ အတည်မပြုပေးသေးဘူး” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly