မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဟောင်း ကင်မ်ဂျံုအီ၏ မွေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ

မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဟောင်း ကင်မ်ဂျံုအီ၏ မွေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ

ဖေဖော်ဝါရီ ၁၆ ။                 ။ ကွယ်လွန်သွားပြီး  ဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီ၏ ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲများကို ယင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပနေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ပွဲသည် ယင်းနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အဓိက ပွဲလမ်းသဘင်ကြီးများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဒုံးကျည်စမ်းသပ်ထားမှုများရှိခဲ့သကဲ့သို့ လက်ရှိခေါင်းဆောင်၏ အကို လုပ်ကြံခံရမှုဖြစ်စဉ်များ ဖြစ်ထားပြီးနောက် ယခုပွဲကို ကျင်းပလာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုနှစ်တွင်လည်း အစဉ်အလာအတိုင်း လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်း မြို့လယ်ခေါင်ရှိ Kumsusan နန်းတော်သို့ ရောက်ရှိလာခဲ့ပြီး ကွယ်လွန်သွားပြီးဖြစ်သော ဖခင် ဖြစ်သူ ကင်မ်ဂျုံအီ နှင့် အဖိုးဖြစ်သူ ကင်မ်အီဆောင်းတို့ကို ဂါရဝပြုသည့်အနေဖြင့် ပန်းခြင်းလာချ သွားခဲ့သည်ဟု သိရသည်။

နိုင်ငံ၏ နံပါတ်နှစ်ခေါင်းဆောင် ဟွမ်ဖြောင်ဆို နှင့်အတူ ကင်မ် မှာ နန်းတော်တွင်းရှိ ကားများ၊ ရထားတွဲနှင့် ဖခင်ဖြစ်သူ စီးလေ့ရှိခဲ့သော သင်္ဘော တစ်စီး တို့ထားရာ ခန်းမဆောင်များသို့လည်း လှည့်ပတ်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ယနေ့ကျရောက်လာသော " တောက်ပသည့် ကြယ်တစ်ပွင့်၏ နေ့" ဟုဆိုသော ပွဲနေ့အခမ်းအနားများကို ပြုံးယမ်းမြို့တွင် ကျင်းပခဲ့ပြီး ကင်မ်အီဆောင်း ရင်ပြင်တွင် ကပြဖျော်ဖြေပွဲများ၊ မီးရှုးမီးပန်း ပစ်ဖောက်ပွဲများကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံကို ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်သွားသော ခေါင်းဆောင်ဟောင် ကင်မ်ဂျုံအီအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းမွေးဖွားခဲ့သည့်နေ့အထိမ်းအမှတ်ပွဲများကို ဖေဖော်ဝါရီ ၁၇ ရက်ထိ ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly