နုတ်ထွက်ခဲ့ရတဲ့ အမျိုးသားလုံခြံုရေးအကြံပေးကို စုံစမ်းစစ်ဆေးရန် ရီပတ်ဘရီကန်အမတ်များကပါ တောင်းဆို

နုတ်ထွက်ခဲ့ရတဲ့ အမျိုးသားလုံခြံုရေးအကြံပေးကို စုံစမ်းစစ်ဆေးရန် ရီပတ်ဘရီကန်အမတ်များကပါ တောင်းဆို

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၅ ။           ။ ရုရှနိုင်ငံနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး နုတ်ထွက်လိုက်ရတဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်းကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးဖို့   တောင်းဆိုကြရာမှာ ရီပတ်ဘရီကန်ပါတီက ထိပ်တန်းအမတ်တွေပါ ပါဝင်လာပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရာထူးမရယူသေးမီမှာ အမေရိကန်ရဲ့ ဆက်ရှင်နဲ့ ပတ်သက်ပြီး ရုရှနဲ့ ဆွေးနွေးခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိတာကြောင့် မိုက်ကယ်ဖလန်းဟာ ဖေဖော်ဝါရီ ၁၃ ရက်က ရာထူးကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

သမ္မတထရမ့်အနေနဲ့ မိုက်ကယ်ဖလန်းနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေပြီဆိုတာကို ရုရှနဲ့ ဖုန်းပြောဆိုမှုတွေကနေ လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက သိရှိထားခဲ့တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြောလာပါတယ်။

ဒါပေမယ့် မိုက်ကယ်ဖလန်းအပေါ် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ကို တစ်ချို့သော ရီပတ်ဘရီကန်အမတ်ကြီးတွေက အေးစက်စက် တုံ့ပြန်ထားကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်နှစ်က ထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တွေအပြင် ထရမ့်နဲ့ နှီးနွယ်ပတ်သက်တဲ့ သူတွေဟာ ရုရှထောက်လှမ်းရေးအရာရှိကြီးတစ်ချို့နဲ့
ဖုန်းခေါ်ဆိုမှု ကြိမ်ဖန်များများ ရှိထားခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြလိုက်ပြီးနောက်မှာ ခုလိုကိစ္စရပ်တွေ ဖြစ်ပွားလာခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ်အမျိုးသားကော်မတီကို ကွန်ပြူတာဟတ်ကာလုပ်ခြင်း ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ခြယ်လှယ်စေခြင်းတွေကို ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ ရုရှနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ သက်သေကိုတော့ မတွေ့ရှိရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိုက်ကယ်ဖလန်းဟာ ထရမ့်ရာထူး လက်မခံရသေးခင် ဒီဇင်ဘာလအတွင်းက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအကြောင်း ရုရှသံတမန်တစ်ဦးနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ရာထူးက ဆင်းခဲ့ရတာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly