ကင်မ်ဂျံုအန်း၏ ၀မ်းကွဲအစ်ကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သံသယရှိအမျိုးသမီးတစ်ဦးကို မလေးရှားဖမ်းဆီး

ကင်မ်ဂျံုအန်း၏ ၀မ်းကွဲအစ်ကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သံသယရှိအမျိုးသမီးတစ်ဦးကို မလေးရှားဖမ်းဆီး

ဖေဖော်ဝါရီ ၁၅ ။             ။  မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဝမ်းကွဲအစ်ကို လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဆက်နွယ်ပတ်သက်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်က သံသယရှိ အမျိုးသမီးတစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးထားသူ အမျိုးသမီးမှာ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်  ပတ်စပို့စ် ကိုင်ဆောင်ထားသူတစ်ဦးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။

အစောပိုင်းကမူ မလေးရှား၏ Bernama သတင်းအေဂျင်စီက မြောက်ကိုရီးယားခေါင်းဆောင်၏ အကို အသတ်ခံရမှုနှင့်စပ်လျင်း၍ မြန်မာအမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ဖော်ပြခဲ့သေးသည်။ သို့သော် ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဆက်လက်ထုတ်ပြန်သွားခြင်း မရှိခဲ့ပေ။

ယမန်နေ့က ကွာလာလမ်ပူ လေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ဖအေတူ မအေကွဲအကို ဖြစ်သူ ရုတ်တရက်လဲကျသေဆုံးသွားခဲ့ပြီး ယင်းဖြစ်စဉ်မှာ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly