လူကြားထဲ အမှိုက်ပစ်ရင် ဘာဖြစ်မလဲ

လူကြားထဲ အမှိုက်ပစ်ရင် ဘာဖြစ်မလဲ
 

     သူငယ်ချင်းတို့ လူတွေကြားမှာ အမှိုက်ပစ်ဖူးလား ။ကိုယ့်ရှေ့အမှိုက်လာပစ်မယ်ဆိုရင်ရော ဘယ်လိုခံစားရမလဲ။ အဲဒီလိုပဲ အခြားသူငယ်ချင်းတွေကလည်း ကိုယ့်ရှေ့အမှိုက်လာပစ်တဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို  Yope ရဲ့ Brave Voice အဖွဲ့က ရိုက်ကူးတင်ဆက်ပေးထားပါတယ် ကျွန်မကတော့ ဝေေ၀ပါ။

 

 

 

  ပန်းခြံတိုင်းမှာက အမှိုက်ပုံးရှိတယ်လေ။ ပြီးတော့ သမီးတို့က Group ထိုင်နေတာ  သူငယ်ချင်းတွေနဲ့ အဲဒီလို နေရာမှာ ပစ်သွားတာဆိုတော့ ရိုင်းတယ်လို့တော့ မြင်ပါတယ်။

 

 

 

 

  ဒီအမှိုက်ပစ်တယ်ဆိုတာက. ဒီနားမှာ အမှိုက်ပုံးရှိတယ်ဗျာ။ သူပစ်တဲ့ အမူအရာက လုံးဝကို ပတ်ဝန်းကျင်မှာ ကြည့်လို့မကောင်းဘူး ။

 

 

 

    ဒီအရာမျိုးက အကျင့်လို ဖြစ်နေတော့ဘာမှတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး အဲဒီလူကို အသိပေးချင်တယ်ပေါ့။ အသိပေးပြီးတော့မှ အမှိုက်ပုံး  ဘယ်နားရှိတယ်ဆိုတာ ညွှန်ပြမယ်။ နောက်လည်း စည်းကမ်း ရှိလာအောင် စကားပြောချင်ပါတယ်။

 

 

 

သန့်ရှင်းရေး လုပ်ရမယ်။ ကိုယ်က လူကြီး ဖြစ်ပြီဆိုတော့ ဒီလိုမျိုးပစ်လို့မရဘူး။ ဟိုမှာလည်း အမှိုက်တောင်းရှိတယ်ဆိုတော့ သိပ်မကောင်းဘူး။

 

 

 

စည်းမရှိ ကမ်းမရှိပေါ့ ။ အမှိုက်ပုံးထဲ ထည့်ရမယ့်ဟာကို လမ်းဘေး လာလွှတ်ပစ်နေတယ်။ လူရှေ့သူရှေ့လည်း မရှောင်ဘဲ လျှောက်ပစ်နေတာဆိုတော့ အဲဒါကို ဘယ်လို ပြောရမလဲ။

 

 

 

ကျွန်တော့သူငယ်ချင်းဆို ဒါမျိုးက လုပ်တော့ လုပ်ပြီးသွားပြီပေါ့။ လုပ်ပြီးသွားတာတော့ မတတ်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် နောက်တစ်ခါမှာတော့အဲလိုမျိုး ထပ်မလုပ်ဖို့တော့ ပြောမှာပေါ့။

 

 

 

အများစုက လူတွေကြားထဲမှာ အမှိုက်ပစ်တာကို  မကြိုက်ကြဘူး။ အဲဒီဟာကို ရိုင်းတဲ့ အပြုအမူလို့ ပြောကြတယ်။ ဒီတော့ သူငယ်ချင်းတို့လည်း လူအများကြားမှာ အမှိုက်မပစ်နဲ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly