မုံရွာတက္ကသိုလ်တွင် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ရုပ်ရှင်များ ပြသ

မုံရွာတက္ကသိုလ်တွင် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ရုပ်ရှင်များ ပြသ

မုံရွာ၊ ဖေဖော်ဝါရီ ၁၅။                 ။ မုံရွာတက္ကသိုလ်တွင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်အား ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။

အဆိုပါ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်အား မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ် ကျောင်းသားကျောင်းသူများ ၅၀၀ ခန့် တက်ရောက်ကြည့်ရှု့ခဲ့ကြသည်။

ယခုရုပ်ရှင်များ ပြသခြင်းအားဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်သော အနှစ်သာရများကို ပိုမိုရရှိလာနိုင်ပြီး လူ့အခွင့်အရေးခွဲများမှုများကို လျော့ကျလာနိုင် ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) မှ သတင်းပြန်ကြားတာဝန်ခံ ကိုရဲမြတ်နောင်က ပြောသည်။

"ရုပ်ရှင်ပွဲတော်အဖွဲ့နဲ့ အချိတ်အဆက် လုပ်ဖြစ်တယ်။ ရုပ်ရှင်တွေကို ရန်ကုန်မှာလုပ်ကတည်းက တအားသဘောကျနေတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တအားထိမိတဲ့ ရုပ်ရှင်တွေ ပါတယ်။ လူ့အခွင့်အရေးကိုလည်း ပိုပြီး ထိထိမိမိ နားလည်လာနိုင်တယ် ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ"ဟု မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) မှ သတင်းပြန်ကြားတာဝန်ခံ ကိုရဲမြတ်နောင်က ပွဲလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောသည်။

ယင်းရုပ်ရှင်များအား ကြည့်ရှု့ခဲ့ရသည့်အတွက် လူ့အခွင့်အရေး၏ အနှစ်သာရများကို သိခဲ့ရပြီး မိမိတို့အခွင့်အရေးအတွက် များစွာတောင်းဆိုဖို့ လိုအပ်နေသည်ဟု ထင်မြင်မိကြောင်း ဥပဒေကျောင်းသူတစ်ဦးက ပြောသည်။

ယခုပြသခဲ့သောရုပ်ရှင်များတွင ်'သေနတ်တစ်လက်နဲ့မိန်းမ'၊ 'သားကလေးများ'၊ 'ပျောက်ဆုံးခြေရာ'၊ 'What on your mind'၊ 'ရောင်းကုန်' စသည့် ရုပ်ရှင်တို့အား ပြသခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly