အိန္ဒိနိုင်ငံမှ ဂြိုလ်တု ၁၀၄ စင်းခန့် စံချိန်တင်လွှတ်တင်

အိန္ဒိနိုင်ငံမှ ဂြိုလ်တု ၁၀၄ စင်းခန့် စံချိန်တင်လွှတ်တင်

အိန္ဒိယနိုင်ငံသည် ၂၀၁၄ခုနှစ်ကရုရှားနိုင်ငံမှ ဂြိုလ်တု ၃၇ စင်းလွှတ်တင်မှုစံချိန်ကို ချိုးဖျက်ကာ ဂြိုလ်တု ၁၀၄စင်း အား တစ်ပြိုင်နက်တည်းလွှတ်တင်နိုင်ခဲ့ခြင်းဖြင့် သမိုင်းသစ်တစ်ခုကို   အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည်။

အဆိုပါလွှတ်တင်မှုအား အိန္ဒိယအရှေ့ပိုင်းရှိ ဆရီဟာရီကိုတာ အာကာသစင်တာမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စောင့်ကြည့်လေ့လာသူများက “ ဒါဟာအိန္ဒိယနိုင်ငံသည် ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိသော အာကာသ ဈေးကွက်အတွင်း ကြီးမားသောနေရာကိုရယူထားသော လက္ခဏာများကို ပြသခဲ့ခြင်းဖြစ်သည်” ဟု ပြောခဲ့သည်။

“အခုချိန်ဟာ တစ်ယောက်ချင်းစီအတွက်ရော ကျွန်တော်တို့အားလုံးအတွက်ပါ ကြီးမားတဲ့အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာသမိုင်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါပြီ” ဟု ဂြိုလ်တုလွှတ်တင်မှုပရောဂျက်၏ ဒါရိုက်တာ ဘီဂျေရာကူးမား က ရိုက်တာသတင်းဌာနအား ပြောဆိုခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ်နာရန်ဒရာမိုဒီသည်လည်း သိပ္ပံပညာရှင်များအား ဂုဏ်ပြုကြောင်းပြောဆိုခဲ့သူတစ်ဦးဖြစ်ကာ “ဒါဟာ မှတ်သားလောက်ဖွယ်အဖြစ်အပျက်တစ်ခုနဲ့ ကျွန်တော်တို့ရဲ့ အာကာသသိပ္ပံ အသိုင်းအဝိုင်းနှင့် နိုင်ငံအတွက် ဂုဏ်ယူစရာ ကောင်းသော အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ အိန္ဒိယဟာ သိပ္ပံပညာရှင်များကို ဂုဏ်ပြုပါတယ်” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

လွှတ်တင်ခဲ့သော ဂြိုလ်တု ၁၀၄ ခုတွင် ၉၆ ခုသည် အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး အခြားဂြိုလ်တုများအား အစ္စရေး၊ ကာဇက်စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆွစ်ဇာလန် နှင့် နယ်သာလန်တို့မှ နိုင်ငံခြား ဖောက်သည်အဖြစ် ပိုင်ဆိုင်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly