မြောက်ကိုရီးယားသို့ မှောင်ခိုလက်နက်များတင်ပို့နေသည်ဟုဆိုကာ စင်ကာပူသင်္ဘောကုမ္ပဏီတစ်ခုအား အမေရိကန် ဘလက်စ်စာရင်းသွင်း

မြောက်ကိုရီးယားသို့ မှောင်ခိုလက်နက်များတင်ပို့နေသည်ဟုဆိုကာ စင်ကာပူသင်္ဘောကုမ္ပဏီတစ်ခုအား အမေရိကန် ဘလက်စ်စာရင်းသွင်း

မြောက်ကိုရီးယားနိုင်ငံသို့ စစ်လက်နက်များ တရားမဝင် ထောက်ပံ့နေသည်ဟု စွပ်စွဲချက်အရ စင်ကာပူအခြေစိုက် သင်္ဘော ကုမ္ပဏီတစ်ခုအား အမေရိကန်က ဘလက်စ်စာရင်းသွင်းလိုက်ပြီဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုကို ယခုစင်ကာပူ ဆီနက်သင်္ဘောကုမ္ပဏီက အထောက်အပံ့များ များစွာပေးလျက်ရှိကြောင်း  US Treasury ကပြောသည်။

ယခုကဲ့သို့ ဘလက်စ်စာရင်းသွင်းလိုက်ခြင်းအားဖြင့် အမေရိကန်တွင်ရှိနေသည့် ကုမ္ပဏီ၏ အာမခံပိုင်ဆိုင်မှုများ တရားမဝင်ပယ် ပျက်သွားပြီဖြစ်ပြီး ကုမ္ပဏီတွင်လည်း အမေရိကန်နိုင်ငံသားများ ပါဝင်စီးပွားလုပ်ကိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။

ယခုစွပ်စွဲမှုကို ဆီနက်သင်္ဘောကုမ္ပဏီဖက်က ငြင်းဆန်ထားသည်။ US Treasury က ယခုကုမ္ပဏီအား ဘလက်စ်လစ်သွင်းခြင်း သည် ကုမ္ပဏီဥက္ကဌ လီယိုနက်လိုင် ကိုပါ အကျုံးဝင်ကြောင်း ပြောသည်။

ဆီနက်ကုမ္ပဏီက ပိတ်ဆို့ဒဏ်ခတ်ထားသည့် မြောက်ကိုရီးယားကုမ္ပဏီ OMMC နှင့် လုပ်ငန်းများ ပူးတွဲလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းက OMMC မှ သင်္ဘောတစ်စင်းကို ပါနားမားအာဏာပိုင်များက လက်နက်များတင်ဆောင်လာစဉ် ဖမ်းဆီး ရမိခဲ့သည်။ ကျူဘားမှ စစ်လက်နက်ကိရိယာများကို သကြားအိတ်များအောက် ဝှက်ကာ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ယင်း OMMC ကုမ္ပဏီအတွက် ဆီနက်က လုပ်ငန်းကိုင်ငန်းများစွာကို စီမံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly