တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် လူအုပ်တစ်ခုအတွင်းသို့ ဓါးဖြင့် ၀င်ရောက်တိုက်ခိုက်၍ ရှစ်ဦး သေဆုံး

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် လူအုပ်တစ်ခုအတွင်းသို့ ဓါးဖြင့် ၀င်ရောက်တိုက်ခိုက်၍ ရှစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၁၅ ။             ။ တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက လူအုပ်စုတစ်စုအတွင်းသို့ ဓါးဖြင့် ဝင်ရောက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူ သုံးဦးအပါအဝင် ရှစ်ဦးအထိ သေဆုံးသွားကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

ယင်းဖြစ်စဉ်တွင် ဓါးဖြင့် တိုက်ခိုက်သူ သုံးဦးကို ရဲက ပစ်ခတ်နှိမ်နင်းလိုက်ရသည်ဟု သိရသည်။

ယင်း ဖြစ်စဉ်တွင် အခြား လူပေါင်း ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းလည်း တာဝန်ရှိသူများက ထုတ်ပြန်သည်။

ယင်း တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသို့ ရဲများရောက်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း နှင့် တိုက်ခိုက်သူများမှာ အကြမ်းဖက်ဆူပူသောင်းကျန်းသူများ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင် ဝေးလံခေါင်းပါးသော အနောက်ဘက်ရှိ ယင်းအရပ်ဒေသမှာ အစဉ်အလာအားဖြင့် ဝီဂါ မျိုးနွယ်စုတို့ နေထိုင်ရာ ဒေသဖြစ်ပြီး အများစုမှာ ယဉ်ကျေးမှုနှင့် ဘာသာရေးပိုင်းဆိုင်ရာ ခွဲခြား ဖိနှိပ်ခံရမှုအပေါ် ဆန့်ကျင်ဖော်ထုတ်နေခဲ့ပြီး မကြာခဏဆိုသလို ထိုကဲ့သို့ လူသေဆုံးစေသော တိုက်ခိုက်မှုဖြစ်စဉ်များလည်း ပေါ်ပေါက်ထားခဲ့သည်။

ဧရိယာကျယ်ပြောပြီး သယံဇာတပေါကြွယ်ဝသည့် ယင်းဒေသတွင် အဆိုပါ တိုက်ခိုက်မှုများကို ခြယ်လှယ်လုပ်ကိုင်နေသည်ဟုလည်း ဝီဂါ ခွဲထွက်ရေးအုပ်စုများကို ပေကျင်းအစိုးရက စွပ်စွဲပြစ်တင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly