အိန္ဒိယတွင် ကျောင်းသူကျောင်းသားများ၏ ကျောင်းလွယ်အိတ် အလေးချိန်ကို ကန့်သတ်သည့် အမိန့်ထုတ်

အိန္ဒိယတွင် ကျောင်းသူကျောင်းသားများ၏ ကျောင်းလွယ်အိတ် အလေးချိန်ကို ကန့်သတ်သည့် အမိန့်ထုတ်

အိန္ဒိယနိုင်ငံရှိ မဟာရာရှထရာပြည်နယ်တွင် ကလေးငယ်များတွင် ဒဏ်ဖြစ်နိုင်သည့်အတွက် ကျောင်းလွယ်အိတ်များကို ကလေး ငယ်၏ ကိုယ်အလေးချိန်၏ ၁၀ ရာခိုင်နှုန်ထက် းမကျော်လွန်သည့် အလေးချိန်သာ ရှိရန်အတွက် စည်းမျဉ်းသတ်မှတ် အမိန့်ထုတ် ထားသည်။

လေးလံသည့် ကျောင်းကျောပိုးအိတ် ကျောင်းလွယ်အိတ်များကြောင့် ကလေးငယ်များမှာ ပင်ပန်းသည့်ဒဏ်ကို ခံရသလို ကလေး ငယ်တို့၏ ကျောရိုးနှင့် အရိုးအဆစ်များကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း ပြည်နယ်တာဝန်ရှိသူများက သတိပေးထားသည်။

ကျောင်းလွယ်အိတ်အလေးချိန်နှင့် ပတ်သက်ပြီး ဆရာ ဆရာမများကို တိုက်တွန်းဆော်သြထားပြီး လိုက်နာခြင်းမရှိသည့်အတွက် မည်သည့်အပြစ်ဒဏ်ပေးမည်ကိုမူ ပြည်နယ်တာဝန်ရှိသူများက အတိအကျကြေညာခြင်းမရှိပေ။

အိန္ဒိယ၏ ပညာရေးနယ်ပယ်တွင် ကျောင်းသားကျောင်းသူလေးများအတွက် အောင်မြင်မှုရရန် အလွန်ပြင်းထန်းကြိုးစားရပြီး သင်ကြားကျက်မှတ်ရသည် သင်ခန်းစာများလည်း များပြားလွန်းကာ တစ်ခန်းမှ တစ်ခန်း စာသင်မပျက် သင်ခန်းစာများကို သင်ယူနေရခြင်းဖြစ်သည်။

"ကလေးတွေ ကျောင်းသွားပြီဆို တွေ့နေရတယ်။ စာအုပ်ထူကြီးတွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ၊ နောက်တော့ မလိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ အလှအပပစ္စည်းတွေတောင် လွယ်အိတ်ထဲထည့်ပြီး ကျောင်းသွားကြတာကို တွေ့နေရတယ်။

သူတို့လေးတွေ လွယ်နေရတဲ့ လွယ်အိတ်တွေက သူတို့ကိုယ်အလေးချိန်ရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက် အလေးချိန်စီးတဲ့ လွယ်အိတ်တွေကို လွယ်ပြီး ကျောင်းသွားနေရတာပဲဖြစ်တယ်။"ဟု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ပြောသည်။

ကျောင်းများအတွက် သောက်သုံးရေနှင့် အစားအသောက်အပြင် စာအုပ်ထားဗီရိုငယ်များပါ လိုအပ်နေခြင်းကြောင့် တောင်းဆို ထားကြသည်။

" ဒီလိုဆို လွယ်အိတ်တွေ ပေါ့ပေါ့ပါးပါးလွယ်ရတော့မှာမို့ ကျွန်တော်ကတော့ သဘောကျပါတယ်။"ဟု ကျောင်သားတစ်ဦး ကလည်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly