မှောင်ခိုကူးသည်ဆိုသော စွပ်စွဲချက်များဖြင့် ဗင်နီဇွဲလား ဒုသမ္မတအား အမေရိကန်တို့ အရေးယူဒဏ်ခတ်

မှောင်ခိုကူးသည်ဆိုသော စွပ်စွဲချက်များဖြင့် ဗင်နီဇွဲလား ဒုသမ္မတအား အမေရိကန်တို့ အရေးယူဒဏ်ခတ်

အမေရိကန်တို့သည် ဗင်နီဇွဲလား ဒုသမ္မတသစ်အား နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင်ပါဝင်ပက်သက် ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ၎င်းအားအရေးယူ ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမိန့်အရ မစ္စတာ တာရက်အယ်လ်အစ္စမီအား အမေရိကန်တို့၏မူးယစ်ဆေးဝါးနှင့်ပက်သက်၍အရေးယူဒဏ် ခတ်မှုစာရင်း၌ထည့်သွင်းခဲ့ပြီး နိုင်ငံတကာမူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွင် မရှိမဖြစ် အရေးပါသောနေရာမှ ပါဝင်ပက်သက်ခဲ့သူဟု စွပ်စွဲထားသည်။

အရေးယူဒဏ်ခတ်မှုတွင် မစ္စတာအယ်လ်အစ္စမီအားနောက်ကွယ်မှထိန်းချုုပ်သူတစ်ဦးဖြစ်သော ချမ်းသာသော စီးပွားရေးသမား ဆမ်မာ့ခ်လိုပက်ဇ်လည်း ပါဝင်မည်ဖြစ်သည်။

မစ္စတာအယ်လ်အစ္စမီကို ပြီးခဲ့သောလတွင် သမ္မတနစ်ကိုးလပ်စ်မာဒူယိုက ဒုသမ္မတရာထူးခန့်အပ်ခဲ့သည်။

မစ္စတာလိုပက်ဇ်ထံမှ ချက်ချင်းတုံ့ပြန်မှုများမရှိသေးသော်လည်း မစ္စတာအယ်လ်အစ္စမီကတော့ ရာဇတ်ဝတ်မှု များနှင့်ပက်သက်သည်ဆိုသော ကနဦးစွပ်စွဲချက်များကိုငြင်းဆန်ခဲ့သည်။

အရေးယူဒဏ်ခတ်မှုအရ ဒုသမ္မတအယ်လ်အစ္စမီ၏ အမေရိကန်နိုင်ငံအတွင်းရှိပိုင်ဆိုင်မှုများကို စာရင်းပိတ်ထား မည်ဖြစ်ပြီး ၎င်းအားနိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ကိုလည်းပိတ်ပင်သွားမည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly