ဒုက္ခသည် တားမြစ်ခြင်းနှင့်ပက်သက်၍ ထရမ့်အား သြဝါဒပေးမှာ မဟုတ်ကြောင်း ဂျက်စတင်ထရူဒိုပြောကြား

ဒုက္ခသည် တားမြစ်ခြင်းနှင့်ပက်သက်၍ ထရမ့်အား သြဝါဒပေးမှာ မဟုတ်ကြောင်း ဂျက်စတင်ထရူဒိုပြောကြား

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုက သူဟာသမ္မတဒေါ်နယ်ထရမ့်အား ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ပက် သက်၍သြဝါဒပေးသွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

“ကျနော်ဟာ ဒီအထိလာပြီးတော့ တခြားနိုင်ငံကသူတွေကို နိုင်ငံတစ်ခုကို ဘယ်လိုအုပ်ချုပ်ရကြောင်း သြဝါဒပေး မှာကို ကနေဒါနိုင်ငံသားတွေ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး” ဟု အိမ်ဖြူတော်တွင် ထရူဒိုကပြောခဲ့သည်။

နှစ်ဖက်ခေါင်းဆောင်များသည် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နှစ်နိုင်ငံ၏စီးပွားရေး ရည်မှန်းချက်များ နှင့်ပူးတွဲလုပ်ဆောင်ချက်များကို မျှဝေသွားကြရန်အလေးပေးပြောကြားခဲ့ကြသည်။

သို့သော်လည်းဆီးရီးယားဒုက္ခသည်များနှင့်ပက်သက်၍ မေးမြန်းချက်များအား ၎င်းတို့၏တုံ့ပြန်မှုအရ ရွှေ့ပြောင်း နေထိုင်ခြင်းနှင့်ပက်သက်၍ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသော ၎င်းတို့၏ မူဝါဒများကို မီးမောင်းထိုးပြနေ ကြောင်း တွေ့ခဲ့ရသည်။

မစ္စတာထရမ့်သည် သူ၏ခရီးသွားခွင့်ပိတ်ပင်ခြင်းအမိန့်အားကာကွယ်ပြောဆိုခဲ့ပြီး သူဟာကြီးမားလှပတဲ့တံခါး ကြီးကိုဖွင့်ပြီးကြိုဆိုချင်သော်လည်း မကောင်းသော လူမှန်မဟုတ်သူများကို ဝင်ခွင့်မပေးနိုင်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly