ဗယ်လင်တိုင်းရဲ့ အနှစ်သာရအဓိပ္ပါယ်

ဗယ်လင်တိုင်းရဲ့ အနှစ်သာရအဓိပ္ပါယ်

ဖေဖော်ဝါရီ ၁၄ ။          ။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းသည် ကက်သလစ်ဘာသာဝင်ဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က ရောမမြို့အား အင်ပါယာမင်း ကလောဒီရုစ် (၂)အုပ်ချုပ်နေပြီး သူ့ရဲ့တပ်မတော်အတွက် လူငယ်များစွာကို စစ်အင်အားအဖြစ် စုဆောင်းနေချိန်ဖြစ်ပါတယ်။ အဲဒါကြောင့် လက်ထပ်ထိမ်းမြားခြင်းကို စစ်သားအင်အား စုဆောင်းရန် အတားအဆီးလို့ ယူဆကာ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုခဲ့ပါဘူး။ လူငယ်များစွာအား အချစ်ရေးထက် စစ်ရေးဘက်၌ အာရုံစိုက်စေရန် ခရစ်ယာန်ဘုန်းတော်ကြီးများအား လက်ထပ်ခြင်း ခွင့်မပြုရန်တားမြစ်ခဲ့ပါတယ်။
ချစ်သူစုံတွဲများ ပေါင်းဖက်နိုင်ဖို့အရေးကို စွမ်းဆောင်ပေးသူမှာ စိန့်ဗယ်လင်တိုင်းဖြစ်ပြီး ချစ်ကြိုက်နေကြသော စုံတွဲများအား လက်ထပ်ခွင့်ပြုပေးသည့် ဘုန်းတော်ကြီးအဖြစ် နာမည်ကြီးလာခဲ့သည်။ ဒီအကြောင်းကို ကြားသိရသော အင်ပါယာမင်းကလည်း အမျက်ဒေါသထွက်၍ သူ့အားထောင်ချထားခဲ့ပါတယ်။

ထောင်ထဲတွင်လည်း ထောင်သားတွေနဲ့ရင်းနှီးကာ သြစတဲရီးရုစ်ဆိုသော ထောင်သားက သူရဲ့ သမီးငယ်အတွက် အကူအညီတောင်းခံခဲ့ပါတယ်။ သူ့ရဲ့သမီးငယ်မှာ ဂျူလီယာမှာ မျက်စိအလင်း ကွယ်ပျောက်နေသူပင် ဖြစ်ပါတယ်။ သူမက ထောင်ထဲသို့ ဖခင်အား လာတွေ့ရာမှ စိန့်ဗယ်လင်တိုင်းနဲ့ ရင်းနှီးခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး စိန့်ဗယ်လင်တိုင်း အေဒီ၂၇၀၊ ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ တွင်  ဘုရင်မှ ကွပ်မျက်မိန့်ချခဲ့ပါတယ်။ သူ မကွယ်လွန်ခင် ဂျူလီယာထံသို့ နောက်ဆုံးစာရေးခဲ့ပြီး ထိုစာ၏အောက်ခြေ၌ From Your Valentine (သင့်ရဲ့ ဗယ်လင်တိုင်း) လို့ အဆုံးသပ်ခဲ့ရာမှ ခေတ်အဆက်ဆက် လူငယ်များစွာသည် သူတို့၏ချစ်သူများထံ စာပို့ရာ၌ From Your Valentine (သင့်ရဲ့ ဗယ်လင်တိုင်းထံမှ)လို့ သုံးနှုန်းလာခဲ့ကြပါတယ်။ ချစ်သူနဲ့ ပေါင်းဖက်နိုင်ဖို့ အရေး လူငယ်များစွာက ဗယ်လင်တိုင်းထံသို့ ဆုတောင်းလာခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ ဗယ်လင်တိုင်းနေ့အား ချစ်သူများနေ့အဖြစ်သတ်မှတ်ပြီး  တစ်ကမ္ဘာလုံးမှာ ကျင်းပလာခဲ့ကြပါတယ်။

(Valentine ဟူသော အမည်မှာ ဗာလာ (Valar) ခွန်အားသတ္တိဟု အနက်အဓိပ္ပာယ်ရပြီး  ရာစုနှစ်ပေါင်း များစွာကတည်းက ချစ်သူများဟာ မိမိတို့အချစ်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စိန့်ဗယ်လင်တိုင်းထံ ခွန်အားကျေးဇူးကို တောင်းခံလေ့ရှိကြပါတယ်။

ချစ်သူစုံတွဲတွေသာမက မိသားစု၊ မောင်နှမသားချင်း၊ သူငယ်ချင်းတွေအကြားမှာရှိတဲ့ ချစ်ခြင်းတရားကို ဒီ ဗယ်လင်တိုင်းနေ့မှာ ဖော်ကျူးနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags