ပါကစ္စတန်မြို့တော်မှာ ဗယ်လင်တိုင်းဒေးကို ပိတ်ပင်

ပါကစ္စတန်မြို့တော်မှာ ဗယ်လင်တိုင်းဒေးကို ပိတ်ပင်

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၄ ။                 ။ ပါကစ္စတန်နိုင်ငံက တရားရုံးတစ်ခုက ဗယ်လင်တိုင်းဒေးကို မွတ်စလင်ယဉ်ကျေးမှုမဟုတ်ဆိုကာ မြို့တော်အစ္စလာမ်မာဘတ်မှာ ပိတ်ပင်ထားပါတယ်။

အစိုးရဌာနဆိုင်ရာနဲ့ အများပြည်သူနေရာတွေမှာ ဗယ်လင်တိုင်းဒေးအထိမ်းအမှတ်ပွဲတွေအားလုံးကို ပိတ်ပင်မိန့် အစ္စလာမ်မာဘတ်တရားရုံးချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအမိန့်က မီဒီယာတွေအပေါ်လည်း သက်ရောက်ပြီး ဗယ်လင်တိုင်းဒေးဖြစ်ရပ်တွေကို ဖော်ပြခြင်းမရှိရလို့လည်း တားမြစ်ထားပါတယ်။

ဗယ်လင်တိုင်းဒေးဟာ အစ္စလာမ်မစ်စည်းကမ်းနဲ့ သွေဖည်တယ်ဆိုပြီး အဖွဲ့အစည်းတစ်ချို့က လျှောက်ထားလို့ ခုလိုတရားရုံးက တားမြစ်မိန့်ထုတ်လိုက်တာပါ။

ဗယ်လင်တိုင်းဒေးဟာ အချစ်ကို ဗန်းပြတဲ့ ဒုစရိုက်တစ်ခုဖြစ်ကြောင်း၊ အဖော်အချွတ်နဲ့ မလျော်ကန်တာတွေ လုပ်ဆောင်မှုဖြစ်ကြောင်း လျှှောက်ထားချက်မှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်းက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဗယ်လင်တိုင်းဒေးယဉ်ကျေးမှုက ထွန်းကားလာခဲ့ပေမယ့် တစ်ချို့ဘာသာရေးအုပ်စုတွေက အကျင့်စာရိတ္တပျက်ပြားမှုအဖြစ် ရှုတ်ချပြောဆိုကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags