ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မိဘမဲ့ကလေးများကို အဟာရ လှူဒါန်း

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မိဘမဲ့ကလေးများကို အဟာရ လှူဒါန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

တောင်ကြီး(ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယနေ့ ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် မိဘမဲ့ကလေးများအား နေ့လည်စာ အဟာရ လှူဒါန်းသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်ငွေကျပ် ၂၇သိန်း ၆သောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ရှိ ပရဟိတဂေဟာများမှ ကလေးငယ် စုစုပေါင်း ၂၄၀ဦးအား အဟာရ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အသက်(၁၀၀)ကျော်အောင် နေနိုင်ကြပါစေ။ နိုင်ငံ့ရဲ့အကျိုးကို အကျိုးပြုနိုင်ကြပါစေ” ဟု ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၂)နှစ်ပြည့် အထိမ်းအမှတ် အဟာရကျွေးမွေးလှူဒါန်းခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကလေးငယ်များအား ဆုတောင်းပေးခဲ့သည်။

အခမ်းအနားတွင် ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး၊ အမျိုးသမီးစတဲ့ ပရဟိဂေဟာများ၊ ဒေါ်ကြီးဒေါ်ငယ်၊ Open Door၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း၊ ဘုရားဖြူ(ခရစ်ယန်)မသန်စွမ်းဂေဟာ၊ စိတ္တသုခ၊ အောင်ချမ်းသာနဲ့ မိဘမေတ္တာ ပရဟိတဂေဟာတို့က ကလေးငယ် စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly