သက်ငယ်မုဒိမ်းမှုများ ဟန့်တားရန် ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ များ တိုးချဲ့ရေး ဝန်ကြီးချုပ် ညွှန်ကြား

သက်ငယ်မုဒိမ်းမှုများ ဟန့်တားရန် ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ များ တိုးချဲ့ရေး ဝန်ကြီးချုပ် ညွှန်ကြား
(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

မုံရွာ၊ ဖေဖော်ဝါရီ ၁၃။          ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော သက်ငယ်မုဒိမ်းမှုများ ဟန့်တားရန်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သော ကလေးများနေ့အခမ်းအနားအား မုံရွာမြို့၊ မြို့တော်ခမ်းမတွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင် ဝန်ကြီးချုပ်က ပြောခဲ့ခြင်းဖြစ်သည်။

"သက်ငယ်မုဒိမ်းမှုတွေအပါအဝင် ကလေးသူငယ်တွေကို အကြမ်းဖက်ခြင်းဟာ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တော်တော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ စေတနာ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်" ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။

အဆိုပါအဖွဲ့အစည်းများအနေဖြင့် ရပ်ရွာအခြေစိုက်ထိဖွဲ့စည်းကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းညွှန်ကြားခဲ့သည်။

ထို့ပြင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများအား ကလေးသူငယ်များမှ အားကျ အတုယူလာစေရန်အတွက် တိုင်းအတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မိဘဆရာများက ပံ့ပိုးပေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကလေးသူငယ်များသည် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်၊ စသည့်အခွင့်အရေး ၄ ရပ်ကို ရရှိရမည်ဖြစ်ကြောင်း ကလေးသူငယ်ရပိုင်ခွင့်အခွင့်အရေးများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly