နိုင်ငံရေးအကျင့်ပျက်အရှုပ်တော်ပုံကြီးတွင် ပါဝင်သည် ယူဆ၍ ဆမ်ဆောင်းအကြီးအကဲ ထပ်မံစစ်မေးခံရ

နိုင်ငံရေးအကျင့်ပျက်အရှုပ်တော်ပုံကြီးတွင် ပါဝင်သည် ယူဆ၍ ဆမ်ဆောင်းအကြီးအကဲ ထပ်မံစစ်မေးခံရ

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃ ။            ။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးနိုင်ငံရေးအကျင့်ပျက်အရှုပ်တော်ပုံမှာ ပါဝင်တယ် သံသယနဲ့ ဆမ်ဆောင်းအကြီးအကဲ လီဂျေယောင်းကို ဒုတိယအကြိမ်အဖြစ် စစ်မေးနေပါတယ်။

ကြားနာစစ်ဆေးမှုပေါ် မူတည်ပြီး လီဂျေယောင်းကို ဖမ်းဝရမ်းထုတ်ခိုင်းဖို့ ဆုံးဖြတ်နိုင်မနိုင်အပေါ်မှာ အစိုးရရှေ့နေတွေက မျှော်လင့်နေပါတယ်။

နိုင်ငံရေးမျက်နှာသာပေးမှု ရရန်အတွက် ဆမ်ဆောင်းကုမ္ပဏီက တောင်ကိုရီးယားသမ္မတပတ်ဂွန်ဟေးရဲ့ လူယုံ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတစ်ခုကို အလှုငွေတွေ ပေးအပ်နေတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

“အမှန်တရားကို နောက်ထပ်တစ်ကြိမ် ထပ်ပြောရဦးမှာပေါ့။”လို့ လီဂျေယောင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆမ်ဆောင်းအကြီးအကဲ လီဂျေယောင်းဟာ အခြားအမှုဆောင်အရာရှိတစ်ချို့နဲ့အတူ ဇန်နဝါရီလအတွင်းက စစ်မေးခံခဲ့ရပါတယ်။ ဒါပေမယ့် တရားရုံးက ဖမ်းမိန့်ထုတ်ရန် သက်သေမလုံလောက်ဟု ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမှုကို သီတင်းပတ်တွေအကြာ စစ်ဆေးသူတွေက ပြန်လည်သုံးသပ်ပြီးနောက်မှာ နောက်ထပ်စစ်မေးဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly