အဲပုဂံလေကြောင်းလိုင်း ရန်ကုန်လေဆိပ်၌ လမ်းချော်

အဲပုဂံလေကြောင်းလိုင်း ရန်ကုန်လေဆိပ်၌ လမ်းချော်
(ဓာတ်ပုံ - Kyaw Zwar Myint FB)

ဇူလိုင် ၂၅ ရက် ။     ။ အဲပုဂံလေကြောင်းလိုင်း၏ မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော ခရီးစဉ်အမှတ် (W9-424)၊ ATR 72 အမျိုးအစား လေယာဉ်သည် ယမန်နေ့ Zဇူလိုင် ၂၄ ရက်၊ ညနေ ၆ နာရီကျော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ချိန်တွင် လေယာဉ်ပြေးလမ်းမှ လမ်းချော်သွားခဲ့သည်။

လိုက်ပါလာသော ခရီးသည် (၄၉) ဦးအား အဲပုဂံ၏ လေယာဉ်အမှုထမ်းများမှ လေယာဉ်ပေါ်မှ ဘေးကင်း စွာဖြင့် လေယာဉ်ကွင်း အတွင်းသို့ ခေါ်ဆောင်နိုင်ခဲ့ပြီး သံဃာတော်တစ်ပါးသာ လက်အနည်းငယ်ဒဏ်ရာရခဲ့သည်။

အဲပုဂံ၏ တာဝန်ရှိသူများအားလုံးသည် သံဃာတော်အား လိုအပ်သည့် ဆေးဝါးစစ်ဆေးမှု ဆောင်ရွက်ပေးပြီး ကျန်ခရီးသည်များ ကို အိမ်သို့အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု အဲပုဂံက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly