ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲ ပြုလုပ်မည်

ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲ ပြုလုပ်မည်

ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲကို မတ်လ ၁၈ရက်နှင့် ၁၉ ရက်နေ့ု၊  ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး ကျင်းပမည့် စာတမ်းဖတ်ပွဲတွင် စာတမ်း ၈ စောင်မှ ၁၀ စောင်အထိ ဖတ်ကြားမည်ဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာ့မီဒီယာကြေးနန်းစာ စာတမ်းများ၊ လူငယ်သတင်းမီဒီယာနဲ့နိုင်ငံရေး စသောစာတမ်းများ ပါဝင်မည်ဖြစ်သည်။

စာမ်းဖတ်ပွဲကို သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းမီဒီယာသမားများအပါအဝင် ပြည်သူများ လေ့လာသိရှိစေရန်အတွက် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

 “ဒီလိုလုပ်လိုက်လိုရှိရင် အစဉ်လာဖြစ်သွားမယ်။ ဒီနေရာမှာ မီဒီယာသမားတွေ စာတမ်းဖတ်ပွဲတွေ လုပ်ဖြစ်သွားပြီဆိုရင် နောက်ဆက်စပ်ပြီး လုပ်သွားရရင် အကုန်လုံးက ဒီလမ်းကြောင်းလေး ဖောက်ပေးတဲ့ သဘောပါပဲ” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင် က ပြောသည်။

လက်ရှိတွင် ကောင်စီအဖွဲ့ဝင်များ၏ စာတမ်းများကိုသာဖတ်ကြားမှာဖြစ်ပြီး နောက်ပိုင်းတွင်သတင်းမီဒီယာနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များပါ ပါဝင်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly