စစ်ကျန်ဗုံးတွေ့၍ ဂရိတွင် လူပေါင်း ရ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရ

စစ်ကျန်ဗုံးတွေ့၍ ဂရိတွင် လူပေါင်း ရ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရ

ဖေဖော်ဝါရီ ၁၃ ။                ။ ဂရိနိုင်ငံမြောက်ပိုင်းမြို့ Thessaloniki တွင် ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံး စနက်တံဖြုတ်ရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်က ခန့်မှန်းခြေအားဖြင့် လူပေါင်း ၇၅,၀၀၀ ကို အာဏာပိုင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိ မပေါက်ကွဲသေးသည့် စစ်ကျန်ဗုံးတစ်လုံးကို ဓါတ်ငွေ့ဆိုင်တစ်ဆိုင်အောက်တွင် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများက ယင်းနေ့နံနက်ပိုင်းမှစ၍ လုပ်ဆောင်ခဲ့ကြသလို ရဲများကလည်း တစ်အိမ်တက်ဆင်း သွားရောက်သတိပေးရှောင်ရှားခိုင်းခဲ့ကာ အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို   ဆောင်ရွက်ခဲ့ကြသည်။

ယင်းအချိန်တွင် မြို့တွင်းရှိအဓိက ဘတ်စ်ကားဂိတ်ကိုလည်း ပိတ်ထားခဲ့ရပြီး ယင်းဒေသတစ်ဝိုက်သွားလာသော မီးရထားများ ပြေးဆွဲခြင်း ရပ်ဆိုင်းထားခဲ့ရသည်။

စစ်တပ်မှ ဗုံးရှင်းလင်းရေးအဖွဲ့က ယင်းဗုံးမှ စနက်တံကို ဖြုတ်ရန် ကြိုးပမ်းမည်ဖြစ်ပြီးနောက် ယင်းကို စစ်တပ်လက်နက်ပစ်ခတ်မှု နေရာကို သယ်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags