ဂရမ်မီဆုပေးပွဲ၌ Hello သီချင်းဖြင့် အကောင်းဆုံး သီချင်းဆုကိုရရှိခဲ့သော အဒဲလ်

ဂရမ်မီဆုပေးပွဲ၌ Hello သီချင်းဖြင့် အကောင်းဆုံး သီချင်းဆုကိုရရှိခဲ့သော အဒဲလ်

အမေရိကန်၌ ကျင်းပနေသော ၅၉ကြိမ်မြောက် ဂရမ်မီဂီတဆုပေးပွဲ၌ ဗြိတိန်အဆိုတော် အဒဲလ်သည် ဆုကြီးသုံး ဆုထဲမှ အကောင်းဆုံးသီချင်းဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

“ပထမဦးဆုံးအနေနဲ့ ကျွန်မကျိန်ဆဲမိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တကယ့်ကို တောင်းပန်ချင်ပါတယ်” ဟု သူမကပြောခဲ့ ပြီးအစောပိုင်းတုန်းက ဂျော့မိုက်ကယ်အား ရည်စူးဂုဏ်ပြုသော ပွဲ၌ သူမ၏ စကားအပြောအဆို မတတ်မှုအတွက် ရည်ရွယ်တောင်းပန်ခဲ့ခြင်းဖြစ်သည်။ “ဂျော့မိုက်ကယ်ဟာ ကျွန်မအတွက်တော့ အဓိပ္ပါယ်အများကြီး ရှိပါတယ်”ဟု လည်းပြောခဲ့သည်။

“အကယ်၍ ကျွန်မရဲ့ အပြောအဆိုကြောင့် တစ်ယောက်ယောက်ကိုများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မယ်ဆိုရင် တကယ့်ကို တောင်းပန်ပါတယ်” ဟု သူမက စင်မြင့်ပေါ်တွင် ပြောခဲ့သည်။

ဒါ့အပြင် သူမနှင့်အတူ 25 အယ်လ်ဘမ်အတွက် အလုပ်အတူတကွလုပ်ခဲ့သော တွဲဖက်သီချင်းရေးဆရာ ဂရပ်ကာ့စ်တင်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောခဲ့သည်။

“ဂရပ်ဟာ အင်္ဂလန်ကို ကျွန်မနဲ့အတူ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရဲ့သားလေးကိုခွဲပြီး အလုပ် လုပ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် သူကတော့ သူ့ရဲ့သားလေးနဲ့ သမီးလေးကိုခွဲပြီး အလုပ်လာ လုပ်ရပါတယ်။ ဒါကြောင့် ကျွန်မအပေါ် စိတ်ရှည်ပေးခဲ့တဲ့ ရှင့်ကိုကျေးဇူးတင်ပါတယ်။ပြီးတော့ ကျွန်မရဲ့ဖန်တီးခဲ့သမျှအထဲက အကြိုက်ဆုံးသီချင်းကို ဖန်တီးပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု သူမက ပြောခဲ့သည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly