အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်နှင့် ရော်ဘာဆိုင်ရာ စက်မှုနည်းပညာပြပွဲ ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်နှင့် ရော်ဘာဆိုင်ရာ စက်မှုနည်းပညာပြပွဲ ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၄ ။     ။ အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်နှင့် ရော်ဘာဆိုင်ရာ စက်မှု နည်းပညာပြပွဲကို သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ကျင်းပမည်ဟု ပွဲစီစဉ် သည့် Organizer Yorkers Marketing & Trade Services မှ Ms.Judy Wong က ဇူလိုင် ၂၄ ရက်၌ ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားသည်။

Ms. Judy Wong က “ ဒီပစ္စည်းတွေဘက်မှာ တိုးတက်ပြီးသားနိုင်ငံတွေက စားသုံးကုန် ထုတ်လုပ်ရေး၊ လယ်ယာသုံးနဲ့ ထုပ်ပိုးခြင်း၊ ပုံနှိပ်ခြင်း အပါအဝင် ရော်ဘာနဲ့ ပလတ်စတစ်ဆိုင်ရာ နည်းပညာတွေ ပစ္စည်းတွေကို လာရောက်ပြသမှာ ဖြစ်လို့ ဒီလိုပွဲကို လာရောက်လေ့လာခြင်းအားဖြင့် ရော်ဘာနဲ့ ပလတ်စတစ်ဆိုင်ရာ နည်းပညာတွေကို သိရှိပြီး ကုန်သွယ်မှုလည်းမြှင့်တင် လာနိုင်မယ်” ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရော်ဘာနှင့် ပလတ်စတစ်ကို ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်ပြီး ကိုယ်တိုင် ထုတ်လုပ်မှုစွမ်းအား နည်းနေသေး၍ နိုင်ငံတကာ နည်းပညာများကို လေ့လာခြင်းအားဖြင့် ရော်ဘာနှင့် ပလတ်စတစ်ဆိုင်ရာ နည်းပညာများ၊ လုပ်ငန်း များပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ယင်း ကုန်ပစ္စည်းများဆိုင်ရာ ကုန်သွယ်မှုများတွင် နိုင်ငံတကာနှင့် ပိုမိုချိတ်ဆက်လှုပ်ရှားနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်နှင့် ရော်ဘာဆိုင်ရာ နည်းပညာပြပွဲတွင် နိုင်ငံတကာမှ ပလတ်စတစ်နှင့်ရော်ဘာ ဆိုင်ရာ ကုမ္ပဏီပေါင်း တစ်ရာကျော်က လာရောက်ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly