ဂရမ်မီဆုပေးပွဲ၌ Hello သီချင်းဖြင့် အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့သော အဒဲလ်

ဂရမ်မီဆုပေးပွဲ၌ Hello သီချင်းဖြင့် အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့သော အဒဲလ်

အမေရိကန်၌ ကျင်းပနေသော ၅၉ ကြိမ်မြောက် ဂရမ်မီဂီတဆုပေးပွဲ၌ ဗြိတိန်အဆိုတော်အဒဲလ်သည် ဆုကြီးသုံး ဆုထဲမှ အကောင်းဆုံးသီချင်းဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

“ပထမဦးဆုံးအနေနဲ့ ကျွန်မကျိန်ဆဲမိတဲ့ကိစ္စနဲ့ပက်သက်ပြီး တကယ့်ကိုတောင်းပန်ချင်ပါတယ်” ဟု သူမကပြောခဲ့ ပြီး အစောပိုင်းတုန်းက ဂျော့မိုက်ကယ်အား ရည်စူးဂုဏ်ပြုသောပွဲ၌ သူမ၏စကားအပြောအဆို မတတ်မှုအတွက် ရည်ရွယ်တောင်းပန်ခဲ့ခြင်းဖြစ်သည်။ “ဂျော့မိုက်ကယ်ဟာ ကျွန်မအတွက်တော့ အဓိပ္ပါယ်အများကြီးရှိပါတယ်”ဟု လည်းပြောခဲ့သည်။

“အကယ်၍ ကျွန်မရဲ့အပြောအဆိုကြောင့် တစ်ယောက်ယောက်ကိုများ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် တကယ့်ကို တောင်းပန်ပါတယ်” ဟု သူမကစင်မြင့်ပေါ်တွင် ပြောခဲ့သည်။

ဒါ့အပြင်သူမနှင့်အတူ 25 အယ်လ်ဘမ်အတွက် အလုပ်အတူတကွ လုပ်ခဲ့သော တွဲဖက်သီချင်းရေးဆရာ ဂရပ်ကာ့စ်တင်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောခဲ့သည်။

“ဂရပ်ဟာ အင်္ဂလန်ကိုကျမနဲ့အတူ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရဲ့သားလေးကိုခွဲပြီး အလုပ်လုပ်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် သူကတော့ သူ့ရဲ့သားလေးနဲ့ သမီးလေးကိုခွဲပြီး အလုပ်လာ လုပ်ရပါတယ်။

ဒါကြောင့်ကျမအပေါ်စိတ်ရှည်ပေးခဲ့တဲ့ရှင့်ကိုကျေးဇူးတင်ပါတယ်။ပြီးတော့ကျမရဲ့ဖန်တီးခဲ့သမျှအထဲကအကြိုက်ဆုံးသီချင်းကိုဖန်တီးပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်” ဟု သူမကပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags