လေးစားမှုထားရန် ထရမ့်အား မက္ကဆီ၌ ထောင်သောင်းများစွာ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

လေးစားမှုထားရန် ထရမ့်အား မက္ကဆီ၌ ထောင်သောင်းများစွာ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

မက္ကဆီကိုစီးတီး၊ ဖေေဖော်ဝါရီ ၁၃ ။                 ။ မက္ကဆီကိုနိုင်ငံက အနည်းဆုံးမြို့ ၁၈ မြို့မှာ ပြည်သူပေါင်း ထောင်သောင်းများစွာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့  လေးစားမှုထားဖို့ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒေါ်နယ်ထရမ့် တည်ဆောက်မယ် စီစဉ်နေတဲ့ နှစ်နိုင်ငံကြား နယ်စပ်တံတိုင်းကိစ္စကို ဆန္ဒပြမက္ကဆီကိုပြည်သူတွေက ရှုတ်ချကြွေးကြော်ကြပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ စည်းလုံးမှုအားကိုလည်း   ကြွေးကြော်ကြပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ ကမကထပြုတဲ့ ခုဆန္ဒပြချီတက်မှုတွေဟာ စည်းကမ်းတကျနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာလည်းပဲဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ၎င်းတို့ရဲ့ နိုင်ငံချစ်စိတ်၊ မျိုးစိတ်ချစ်ကို ပြသကြပြီး ထရမ့်က ပြည်နှင်ဒဏ်ပေးမယ် ပြောထားတဲ့ အမေရိကန်နိုင်ငံအတွင်းက အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူများရဲ့ အခွင့်အရေးပေါ်မှာလည်း လေးစားမှုထားရန် တောင်းဆိုကြတာပါ။

အကြီးဆုံးဆန္ဒပြမှုအနေနဲ့က မက္ကဆီကိုစီးတီးမြို့တော်က ချီတက်ဆန္ဒပြမှုပဲဖြစ်ပြီး ပါဝင်အင်အားက နှစ်သောင်းနီးပါး ရှိတယ်လို့ မြို့တော်ရဲ့ ပြည်သူ့လုံခြုံဘေးကင်းရေးအတွင်းဝန်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုချီတက်ဆန္ဒပြမှုတွေက အမေရိကန်ရဲ့ သမ္မတကို သိအောင် သတင်းစကားပါးခြင်းအဖြစ် ရည်ရွယ်ကြောင်း အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတွင်းဝန် ဂါဘရီလာက EFE ကို ပြောပါတယ်။

ဒီသတင်းစကားဆိုတာကတော့ “ထရမ့်ရဲ့ စော်ကားအပြုအမူတွေဟာ ကျွန်မတို့ ပြည်သူတွေအတွက် စိတ်ဆိုးစရာဖြစ်စေကြောင်း၊ ထရမ့်ဟာ ကျွန်မတို့ ပြည်သူတွေအပေါ် လေးစားမှု မရှိတဲ့ ရင့်သီးတဲ့သူဖြစ်ကြောင်း” ဖော်ထုတ်ပြတာပဲဖြစ်တယ်လို့ ဂါဘရီလာက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags