ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခြင်း အနာဂတ် အစီအစဉ်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် UNESCO ဆွေးနွေးမည်

ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခြင်း အနာဂတ် အစီအစဉ်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် UNESCO ဆွေးနွေးမည်

ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခြင်း အနာဂတ်အစီအစဉ်အတွက် မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (UNESCO) တို့ ဖေဖော်ဝါရီ ၁၃၊ ၁၄ ရက်များတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်နှင့်ရှေးဟောင်း သုတေသနဌာနရုံးခန်းတွင် ဆွေးနွေးသွားရန်ရှိနေသည်။

“မြန်မာနိုင်ငံရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အတွက်လမ်းပြမြေပုံ” ခေါင်းစဉ်နှင့် “ရှေးဟောင်းယဉ်ကျေးမှု ရှုခင်းများစီမံခန့်ခွဲခြင်း”ခေါင်းစဉ်တို့ကို ဆွေးနွေးမည်ဖြစ်သည်။

ဆွေးနွေးပွဲများကို “မြန်မာနိုင်ငံရှိယဉ်ကျေးမှုအမွေအနှစ် များအားကာကွယ်ရန်စွမ်းရည်ထူထောင်ခြင်း” တတိယအဆင့်ပရောဂျက်ဘောင်အတွင်းမှစီစဉ်သွားမည်ဖြစ်ပြီး အီတလီအစိုးရ၏ထောက်ပံ့ငွေ ယူရို 420.000 ဖြင့်အကောင်အထည်ဖော်သွားမည်ဟု UNESCO က ထုတ်ပြန်ထားသည်။

ပထမအစည်းအဝေးတွင် နိုင်ငံတကာနှင့်နိုင်ငံအတွင်းမှကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရှိကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အစမ်းစာရင်းထဲမှ တည်နေရာများအား ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

ပျူရှေးဟောင်းမြို့တော်များမှကျောက်စာများသည် ၂၀၁၄ခုနှစ်တွင်မြန်မာနိုင်ငံ၏ပထမဦးဆုံးကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရမှုအပြီးတွင် မြန်မာနိုင်ငံသည် “ပုဂံရှေးဟောင်းသုတေသန အထိမ်းအမှတ်အဆောက် အအုံနှင့်နေရာများ” နှင့် ကချင်ပြည်နယ်မှ “ခါကာဘိုရာဇီရှုခင်း” များကိုလက်ရှိတွင်စာရင်းသွင်းခံရရန်ပြင်ဆင် နေသည်။   နောက်ဆုံးစိစစ်ထားသော အစမ်းစာရင်းထဲတွင်   ရွှေတိဂုံစေတီတော်အား စာရင်းသွင်းခံမည့် ယဉ်ကျေးမှုအမွှေအနှစ်တစ်ခုအဖြစ် ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ဒုတိယအစည်းအဝေးတွင် ရှေးဟောင်းယဉ်ကျေးမှု တည်နေရာရှုခင်းများအား နည်းပညာအကြံပေးချက်များဖြင့် စီမံခန့်ခွဲမည့်အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။   ပြည်တွင်းနှင့်နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များသည် ပျူရှေးဟောင်းမြို့တော်များအပေါ် လက်ရှိထိန်းသိမ်းစောင့်ရှောက်နေသည့် အခြေအနေများကို ဆန်းစစ်သွားမည် ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စစ်မှန်ကြောင်းကို   သေချာအောင်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ် နိုင်ငံလုံးတွင် ကျင့်သုံးနေသော ယဉ်ကျေးမှုအမွေအနှစ်စံနှုန်းများကို မြှင့်တင်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly