ဒိုင်နိုဆောဇာတ်ကား Jurassic World ၏ နောက်ဆက်တွဲ ဇာတ်ကားတစ်ကားကို ရိုက်ကူးသွားမည်ဖြစ်ကြောင်း Universal Pictures ကြေညာ

ဒိုင်နိုဆောဇာတ်ကား Jurassic World ၏ နောက်ဆက်တွဲ ဇာတ်ကားတစ်ကားကို ရိုက်ကူးသွားမည်ဖြစ်ကြောင်း Universal Pictures ကြေညာ

Jurassic World ၏ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးသွားမည် ဖြစ် ကြောင်း Universal Pictures ရုပ်ရှင် စတူဒီယိုက ကြေညာလိုက်သည်။

Jurassic World ဇာတ်ကားသည် ကမ္ဘာအဝှမ်းတွင် စုစုပေါင်း ရုံဝင်ကြေး ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ရရှိနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေစဉ်တွင် နောက်ဆက်တွဲ ဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်သွား မည်ဖြစ်ကြောင်းကြေညာ ခဲ့ခြင်းဖြစ် သည်။

ထို နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ဇွန်လတွင် စတင်ရုံတင်ပြသမည် ဖြစ်သည်။

Jurassic World ဇာတ်ကားမှာ၊ ကမ္ဘာကျော် ဒါရိုက်တာ Steven Spielberg ရိုက်ကူးခဲ့သော Jurassic Park ၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည်။ ဒါရိုက်တာ James Cameron ၏ ဇာတ်ကား များ ဖြစ်ကြသည့် Titanic နှင့် Avatar ဇာတ်ကားတို့ ပြီးလျှင် ဒါရိုက်တာColin Trevorrow ၏ Jurassic World သည် ရုပ်ရှင်သမိုင်းတွင် အမြတ်ငွေ တတိယ အများဆုံး ရရှိခဲ့သည့် ဇာတ်ကား လည်းဖြစ်သည်။

နောက်ဆက်တွဲ ရိုက်ကူးမည့် ဇာတ်ကားတွင် Chris Pratt နှင့် Bryce Dallas Howard တို့ ပြန်လည် ပါဝင်သရုပ်ဆောင်ကြ မည်ဖြစ်သည်။

ထိုနောက်ဆက်တွဲ ဇာတ်ကားအတွက် Spielberg က ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ Jurassic World ဒါရိုက်တာ Colin Trevorrow က ဇာတ်ညွှန်းရေးသားမည် ဖြစ်သည်။

ထိုနောက်ဆက်တွဲ ဇာတ်ကား၏ အမည်ကို မပေးရသေးသကဲ့သို့ ဒါရိုက်တာ၏ အမည်ကို လည်း မကြေညာရသေးပေ။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly