မြောက်ကိုရီးယား၏ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု အပြီးတွင် ဂျပန်ဘက်မှ ရာနှုန်းပြည့် ရပ်တည်မည်ဟု ထရမ့်ပြောကြား

မြောက်ကိုရီးယား၏ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု အပြီးတွင် ဂျပန်ဘက်မှ ရာနှုန်းပြည့် ရပ်တည်မည်ဟု ထရမ့်ပြောကြား

ဖေဖေါ်ဝါရီ ၁၂ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပြီး၌ ဂျပန်နိုင်ငံ သည်အမေရိကန်ပြည်ထောင်စု၏   ထောက်ခံမှုကိုရာနှုန်းပြည့်ရရှိသွားမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ ဂျပန်နိုင်ငံဘက်မှကြီးမြတ်တဲ့မဟာမိတ်အဖြစ်ရာနှုန်းပြည့်ထောက်ခံရပ်တည်ပေး သွားမှာဖြစ်တာကို ကျနော်လူတိုင်းကိုနားလည်စေချင်ပြီး အပြည့်အဝသိထားစေချင်ပါတယ်” ဟု ထရမ့်က ဂျပန် နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် အတူတကွပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ယခုလိုတိုတောင်းသော ကြေညာချက်တစ်ခုပြောကြားခဲ့ပြီး အသေးစိတ်ထပ်မံပြောကြားခဲ့ခြင်းမရှိကြောင်းသိရသည်။

ဂျပန်ခေါင်းဆောင်အာဘေးက မြောက်ကိုရီးယားတို့၏ဒုံးကျည်ပစ်လွှတ်မှုအားသည်းမခံနိုင်စရာကောင်းသော လုပ်ရပ်တစ်ခုဟုရှုံ့ချခဲ့ပြီး ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်အား အာခံခြင်းဖြစ်သည်ဟုပြောခဲ့သည်။

“မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝလိုက်နာရမှာဖြစ် ပါတယ်” ဟု အာဘေးကပြောခဲ့သည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက ဂျပန်ခေါင်းဆောင်နှင့်အမေရိကန်ခေါင်းဆောင်နှစ်ဦးတို့တွေ့ဆုံခဲ့ပြီး ထရမ့်၏ ဖလော်ရီဒါရှိ မာအေလာဂို ဇိမ်ခံအပန်းဖြေစခန်းတွင်တစ်ရက်တာအတူတကွရှိနေခဲ့ကြကာ ဂေါ့ဖ်အတူကစား ခြင်း ၎င်းတို့၏ဇနီးတို့နှင့်အတူညစာ စားသုံးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သော သောကြာနေ့တွင် ခေါင်းဆောင်နှစ်ဦးသည်အိမ်ဖြူတော်၌တွေ့ဆုံခဲ့ကြီးပြီး အမေရိကန်နှင့်ဂျပန်နှစ် နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်းထပ်လောင်းအတည်ပြုခဲ့ကြသည်။

မြောက်ကိုရီးယားတို့သည် ယနေ့တနင်္ဂနွေနေ့၌ ဒုံးကျည်ပစ်လွှတ်မှုတစ်ခုကို ဒေသစံတော်ချိန် ၇:၅၅ နာရီတွင် မြောက်ပြုံယမ်းခရိုင်အနောက်ပိုင်းရှိ ဘန်ဟွန်းလေတပ်အခြေစိုက်စခန်းမှ ပြုလုပ်ခဲ့ပြီး အရှေ့ဘက်ရှိဂျပန်ပင် လယ်သို့ဦးတည်ပျံသန်းသွားခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly