100 PLUS ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အဖွဲ့အစည်းတို့ ပူးပေါင်းပြီး Sponsorship လက်မှတ်ရေးထိုးပွဲ ကျင်းပ

100 PLUS ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အဖွဲ့အစည်းတို့ ပူးပေါင်းပြီး Sponsorship လက်မှတ်ရေးထိုးပွဲ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ   ၁၁ ။               ။ 100 PLUS ကုမ္ပဏီနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး Sponsorship လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ပြုလုပ်ခဲ့သည်။

မြန်မာ့အားကစားကဏ္ဍမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ပံ့ပိုးကူညီခြင်း ဖြစ်ကြောင်း 100 PLUS ကုမ္ပဏီ Head of Marketing & Brand Development မစ္စတာ Prapas Rattanapas ကပြောသည်။

ထို့ပြင် မြန်မာဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအဖြစ် ရေဓါတ်ဖြည့်တင်းရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲများ၊ လူငယ်မျိုးဆက်သစ် ဘောလုံးလောက ဖွံ့ဖြိုးရေးအတွက် လူငယ်ဘောလုံးပြိုင်ပွဲများ ကျင်းပပေးရန် ရည်ရွယ်ထားကြောင်းသိရသည်။

100PLUS (F&N) ကုမ္ပဏီ၊ Country Managar ဖြစ်သူ Mr.Freddy Oh က “100PLUS ကုမ္ပဏီအနေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ အတူလက်တွဲပြီး မြန်မာလက်ရွေးစင်အသင်းကြီး၊ MNL နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်က ပွဲအစီအစဉ်တွေကို ကူညီပံ့ပိုးပေးခဲ့ပြီးတော့ နှစ်စဉ်ကျင်းပနေတဲ့ MFF 100 PLUS U 14 Super Cup အနေနဲ့ အသက်သွင်းလိုက်တာဟာ အနာဂါတ်ဘောလုံးသမားကောင်းတွေ ပေါ်ထွက်လာဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။” ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာဘောလုံးလောကအနေဖြင့် ကမ္ဘာ့ချန်ပီယံလိဂ်များနဲ့ယှဉ်လျှင် နိမ့်ကျနေသေးသည့်အတွက် အစိုးရအပါအဝင် အဖွဲ့အစည်းများက ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု   မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က ထောက်ပြပြောဆိုသည်။

“မြန်မာဘောလုံးက တစ်ခြား ကမ္ဘာ့ချန်ပီယံလိဂ်တွေနဲ့ယှဉ်ရင် လိုအပ်ချက်တွေအများကြီးရှိသေးတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကြိုးစားနေရမှာပဲလေ။ မြန်မာဘောလုံးမြှင့်တင်နိုင်ဖို့က အစိုးရပိုင်းကရော အဖွဲ့အစည်းတွေကရော အများကြီး ဒီထက်ပံ့ပိုးကူညီရမှာပေါ့။” ဟု  မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က ပြောသည်။

100PLUS ကုမ္ပဏီ၏ Sponsorship လက်မှတ်ရေးထိုးပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ CEO ဦးဘုန်းနိုင်စော၊ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် 100PLUS ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly