မွေးစားထားသော မာလဝီနိုင်ငံမှ အမြွှာကလေးနှစ်ဦးပုံအား အင်စတာဂရမ်၌ တင်ခဲ့သည့် မက်ဒေါနား

မွေးစားထားသော မာလဝီနိုင်ငံမှ အမြွှာကလေးနှစ်ဦးပုံအား အင်စတာဂရမ်၌ တင်ခဲ့သည့် မက်ဒေါနား

မာလဝီနိုင်ငံမှ ကလေးနှစ်ဦးအား မွေးစားခြင်းအစီအစဉ်ပြီးပြတ်ပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် မက်ဒေါနား သည် သူမနှင့်အဆိုပါ အမြွှာကလေးနှစ်ဦးတို့ တွဲရိုက်ထားသော ဓာတ်ပုံအား အင်စတာဂရမ်ပေါ်သို့ တင်ခဲ့ကာ သူမ၏မိသားစုထဲ၌ မိသားစုဝင်များအသစ် တိုးလာခြင်းအပေါ် ဝမ်းမြောက်ကြောင်း ပြသခဲ့သည်။

“အခုလို မွေးစားခြင်း အစီအစဉ်ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ မာလဝီနိုင်ငံမှသူများအားလုံးကို ကျမအထူး ကျေးဇူးတင်ရှိပါတယ်” ဟု သူမက အင်စတာဂရမ်၌ ရေးသားခဲ့သည်။

သူမသည် မီဒီယာများကိုလည်း ယခုကိစ္စအား အနှောင့်အယှက်မပေးဘဲ အေးအေးလူလူသာဖြစ်သွားရန် မေတ္တာ ရပ်ခံခဲ့ပါသည်။

သူမသည် အမြွှာကလေးနှစ်ဦး မွေးစားခွင့်အား ပြီးခဲ့သော အင်္ဂါနေ့တွင် မာလဝီနိုင်ငံတရားရုံးမှ တရားဝင်ခွင့်ပြု ချက်ရရှိခဲ့သည်။

သူမမွေးစားလိုက်သည့် အက်စ်သာနှင့် စတယ်လာဟုခေါ်သော အမြွှာကလေးနှစ်ဦးသည် အသက်၄နှစ်အရွယ်ရှိ ကြပြီဖြစ်ပြီး ၎င်းတို့၏ မိခင်သည် ၎င်းတို့အား မွေးဖွားပြီး မကြာခင်၌ သေဆုံးသွားခဲ့သလို ဖခင်ဖြစ်သူမှာလည်း နောက်မိန်းမယူသွားသောကြောင့် မိဘမဲ့ကလေးများဖြစ်ခဲ့ကြကာ ၎င်းတို့၏အဘိုးအဘွားများက စောင့်ရှောက်ခဲ့ ရသည်ဟု သတင်းစာများက ရေးသားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags