မကြိုက်ရင်တော့ အားမပေးပါနဲ့ လို့ ရဲရဲဝင့်ဝင့်ဆိုလာသူ ရွှေထူးရဲ့ စိတ်ကူးယဉ်စာအုပ်

မကြိုက်ရင်တော့ အားမပေးပါနဲ့ လို့ ရဲရဲဝင့်ဝင့်ဆိုလာသူ ရွှေထူးရဲ့ စိတ်ကူးယဉ်စာအုပ်

သီချင်းအားလုံးနီးပါး ရွှေထူးကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်စာအုပ် DVD ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိသွားမယ်လို့ ရွှေထူးက ပြောလာပါတယ်။

DVD ခွေတွင် သီချင်း ၁၀ ပုဒ်ပါဝင်ပြီး လူဆိုးဆိုသည့် သီချင်းကို Version 2 မျိုးဖြင့် ဖန်တီးထားကာ သီချင်းများအားလုံးကို ရွှေထူးနှင့်အတူ မိုးစက်ဝိုင်၊ မေမြင့်မိုရ်၊ ဂျူးဂျူးသစ္စာ၊ သံစဉ်သစ္စာနဲ့ အခြားသရုပ်ဆောင်တွေက အားဖြည့်ပါဝင်ထားပါတယ်။

 “ကျွန်တော့အခွေထွက်လာရင် ပရိသတ်တွေ အကုန်သိမှာပါ။ ဒီထဲမှာဆိုရင် စိတ္တဇဆေးရုံဆိုတဲ့ အပုဒ်၊ လူဆိုး ဆိုတဲ့အပုဒ်၊ နောက်ပြီး လက်ဆောင်ဆိုတဲ့အပုဒ် အများကြီးပဲဗျ၊ True Love တို့ရော ပုံစံအဆန်းလေးတွေနဲ့ ရိုက်ထားတယ်ဗျ။ ကျွန်တော် အများကြီး ကြိုးစားထားတယ်။ ထွက်လာလို့ရှိရင် ကြည့်ပါ၊ ကြိုက်ရင် Original လေး အားပေးပါ။ မကြိုက်ရင်တော့ အားမပေးပါနဲ့၊ ရပါတယ်” ဟု သရုပ်ဆောင်၊ အဆိုတော် ရွှေထူးမှ မဇ္ဈိမကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ  ရန်ကုန်မြို့ Junction Square Outdoor Area၊ ၁၉ ရက်နေ့တွင် မန္တလေးမြို့ Mingalar Mandalay တို့မှာ စိတ်ကူးယဉ်စာအုပ် DVD ပရိုမိုးရှင်းကို ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်သွားမှာပါ။ အခွေပထမဆုံးဝယ်ယူတဲ့ ပရိသတ်အယောက် ၂၀၀ အတွက် အထူးအစီအစဉ်တွေရှိတယ်လို့ သူက ပြောသွားပါတယ်။

ရွှေထူးရဲ့DVD မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်က  ရန်ကုန်မြို့ Orchid Hotel တွင် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly