သူမ၏ ခန္ဓာကိုယ်ကိုလှောင်ပြောင်သူများအား လေဒီဂါဂါပြန်လည်ထိုးနှက်

သူမ၏ ခန္ဓာကိုယ်ကိုလှောင်ပြောင်သူများအား လေဒီဂါဂါပြန်လည်ထိုးနှက်

Super Bowl ပြိုင်ပွဲ၌ ဖျော်ဖြေတင်ဆက်မှုအပြီးတွင် သူမ၏ ခန္ဓာကိုယ်ကို လှောင်ပြောင်သည့် မှတ်ချက်ပေးခဲ့သော သူများအား လေဒီဂါဂါက ပြန်လည် ထိုးနှက်ခဲ့ပါသည်။

သူမသည် အင်စတာဂရမ်ပေါ်၌ သူမရဲ့ အသွင်အပြင်အတွက် သူမကိုယ်သူမ ဂုဏ်ယူကြောင်းနှင့် “ရှင်တို့ရဲ့အသွင် အပြင်အတွက်လည်း ရှင်တို့ကိုယ်ရှင်တို့ ဂုဏ်ယူသင့်ပါတယ်” ဟု ပြန်လည်တုံ့ပြန်ခဲ့ပါသည်။

အချို့သောသူများက အသက်၃၀အရွယ် ရှိပြီဖြစ်သော လေဒီဂါဂါ၏ ဝမ်းဗိုက်အား ဝေဖန်လှောင်ပြောင်ခဲ့ကြသောကြောင့် ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်။

Super Bowl အစီအစဉ်သည် အမေရိကန်ဘောလုံးပြိုင်ပွဲ၏ ပွဲဝက်ရပ်နားချိန်တွင် ဖျော်ဖြေသော အစီအစဉ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်းသန်း၁၀၀ ကျော်လောက်က စောင့်ကြည့်ကြပါသည်။

သူမ၏ ပရိတ်သတ်များအား ဝေဖန်မှုများကို လစ်လျူရှုထားဖို့ မတိုက်တွန်းခင်တွင် သူမက “ကျမရဲ့ခန္ဓာကိုယ်ဟာ သူတို့လေကန်ဖို့အတွက် ခေါင်းစဉ်တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်” ဟုသူမက စတင်ပြောကြားခဲ့ပြီး “အောင်မြင်ဖို့အတွက် ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ ခုတုံးလုပ်ပြီး ပြောနေစရာမလိုဘူးဆိုတာကို ကျမရှင်တို့ကို အကြောင်းပြချက် သိန်းသန်းချီပြီ ပေးနိုင်ပါတယ်” ဟု ရေးသားခဲ့ပြီး သူမကို ထောက်ခံသော ပရိတ်သတ်များကို လည်းကျေးဇူးတင်ရှိကြောင်း ရေးသားခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags