ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်ကို မိဘ လက်ခံနိုင်သူ ဖြစ်မယ်ဆိုတဲ့ နေတိုး

ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်ကို မိဘ လက်ခံနိုင်သူ ဖြစ်မယ်ဆိုတဲ့ နေတိုး

ကျရာ ဇာတ်ရုပ်တွေမှာ ပီပြင်အောင်  သရုပ်ဆောင်နိုင်တဲ့သူ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်အပြင် လူရွှင်တော် အဖြစ်နဲ့ပါ ပရိသတ်က အသိအမှတ်ပြုထားတဲ့သူ သူကတော့ ထပ်ဆင့် အကယ်ဒမီ နေတိုးပါ မြန်မာဇာတ်ကားတွေ ကမ္ဘာ့အဆင့်အတန်း မီလာဖို့အတွက် အကယ်ဒမီ သရုပ်ဆောင် တစ်ယောက်အနေနဲ့ သူရဲ့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ ကျွန်မကတော့ ယဉ်မွန်ပါ အခုဆိုရင် နေတိုးနဲ့ တွေ့ဆုံမေးမြန်းဖို့အတွက် သူရှိမယ့်နေရာကိုရောက်ရှိနေတာဖြစ်ပါတယ် ယဉ်မွန်ရဲ့ လက်ထဲမှာတော့ Yope မေးခွန်း  ငါးခုနဲ့အတူ Yope Red Chair ရှိနေပါတယ်

မေး- ပထမ မေးခွန်းကတော့ ပရိသတ်တွေက  အရင်တုန်းက ဝေဖန်ခဲ့ကြတယ်ပေါ့ မြန်မာ ပေါကားတွေ ဆိုတာမျိုးပေါ့ အဲဒီတော့... မြန်မာပေါကားတွေကနေ ကမ္ဘာ့အဆင့်မီ ဇာတ်ကားတွေ ဖြစ်လာဖို့ပေါ့ ထိုးဖောက်နိုင်ဖို့အတွက် အကယ်ဒမီရ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်အရာတွေက စိန်ခေါ်မှုဖြစ်မယ်ထင်လဲ။

ဖြေ- အဓိကကတော့ ကျွန်တော်တို့ရဲ့ ဈေးကွက် ကျယ်ပြန့်မှုပေါ့။ နိုင်ငံတကာ Demand မရှိသေးဘူးလေ။ ပြည်တွင်း Demand နဲ့တင်  ကျွန်တော်တို့က အလုပ်လုပ်နေရတဲ့ အခါကျတော့ Production ပိုင်းကလည်း ကျွန်တော်တို့က အများကြီး စိုက်ထုတ်ပြီးတော့ ကားတစ်ကားကို ရင်းနှီးမြုပ်နှံဖို့ မလုပ်ဖြစ်ဘူးလို့ ထင်တယ်။ နောက်ပိုင်းမှာ ရုံတွေလည်း များလာမယ် အနုပညာအားဖြင့်လည်း ကျွန်တော်တို့က Cinemaကို တကယ့် International ပုံစံ လုပ်လို့ရလာမယ် ဒီထဲမှာလည်း Crew(လုပ်ဖော်ကိုင်ဖက်) ထဲမှာလည်း  အင်တာနေရှင်နယ် Crew ပေါ့နော် နိုင်ငံတကာနဲ့ တွဲဖက်ပြီး လုပ်လာမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ရုပ်ရှင်ကလည်း နိုင်ငံတကာအဆင့်မီ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး- နံပါတ်နှစ် မေးခွန်းက ကိုနေတိုးက မိသားစုကို ချစ်တဲ့ လူပျိုကြီးလည်း ဖြစ်တယ်ဆိုတော့လေ ကိုယ်ရွေးချယ်လိုက်တဲ့ မိန်းကလေးက မိဘက လက်မခံဘူးဆိုရင် ဘယ်လိုများလုပ်မလဲရှင့်။

ဖြေ - ကိုယ်ရွေးချယ်လိုက်တဲ့ မိန်းကလေးက မိဘက  လက်မခံနိုင်တဲ့သူ လောက်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ တကယ်လို့ မိဘက လက်မခံနိုင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ လက်ခံနိုင်တဲ့ အနေအထားဖြစ်အောင်တော့ ညှိနှိုင်းယူရမှာပေါ့။

မေး- မင်းသားဖြစ်ဖို့ တွန်းအားဖြစ်ခဲ့တဲ့ မှတ်မှတ်ရရ  ဇာတ်ညွှန်း Story တစ်ခုပေါ့ ဘာများဖြစ်မလဲ။

ဖြေ- အဓိက ကျွန်တော်. အရှင်းဆုံးပြောရရင်တော့ မင်းသားတစ်ယောက် လုပ်ခဲ့တာ မဟုတ်ဘူး အနုပညာကို လုပ်ချင်လို့ပေါ့နော် ကျွန်တော့်ရည်ရွယ်ချက်က ကျွန်တော်ဒီကို ရောက်လာတဲ့ အချိန်တုန်းကလည်း အနုပညာလုပ်ချင်လို့ ရောက်လာတယ် အဲဒီတော့ အနုပညာနဲ့ ပတ်သက်တာ မှန်သမျှ အကုန်လုံး ထိတွေ့ချင်တယ်။ ထိတွေ့ရင်းနဲ့ သရုပ်ဆောင်အလုပ်ကို ပရိသတ်က ရွေးချယ်လိုက်တာပေါ့။ အရှင်းဆုံးပြောရရင် VCD ခေတ်မှာ VCD လေးတွေ  ရိုက်ရင်းနဲ့ ပရိသတ် အသိအမှတ်ပြုလာတော့ပြီးမှ ဇာတ်ကားတွေ တစ်ဆင့်ပြီး တစ်ဆင့် ရိုက်လာရတယ်ပေါ့ အရှင်းဆုံးပြောရရင် ကျွန်တော်က သရုပ်ဆောင် မဖြစ်ခဲ့ဘူးဆိုရင်လည်း  ကျွန်တော် အနုပညာ လုပ်တဲ့သူတစ်ယောက် ဖြစ်နေမှာတော့ သေချာတယ်။

မေး- အနုပညာလောကထဲမှာ မျိုးရိုးလည်းမရှိ အဆက်အသွယ်လည်း မရှိဘဲပေါ့နော် ဒီလောကထဲကို ရောက်လာတယ်။ ရောက်လာပြီးတဲ့အချိန်မှာလည်း အခုလို နိုင်ငံကျော် နေတိုးဆိုတာ ဖြစ်လာပြီဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဒီလို နိုင်ငံကျော်အောင် ဖြစ်လာလဲ ဆိုတာကို လူတွေတွေအတွက် ဗဟုသုတ ရဖို့ အတွက်ပြောပြပေးပါဦး။

ဖြေ- အောင်မြင်မှုတစ်ခုက အလုပ်တစ်ခုက  စေတနာ မထားဘူးဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်း တော်တော်နည်းပါတယ် စေတနာထားလိုက်ခြင်းအားဖြင့် အောင်မြင်မှုတစ်ခုက ရာခိုင်နှုန်း များပါတယ် ၉၀% လောက်ကို စေတနာပေါ်မှာ အခြေခံပါတယ်။

မေး- နောင်တစ်ချိန်မှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီ စတူရီယိုတစ်ခု ဒါမှမဟုတ်ရင် ရုပ်ရှင်အကယ်ဒမီကျောင်းတစ်ခု အစ်ကို့မှာ တစ်ခုခုကို ထူထောင်ခွင့်ရမယ်ဆိုရင် ဘယ်အရာကို ဦးစားပေး လုပ်ဆောင်သွားမလဲ။

ဖြေ- အဓိကကတော့ ကျွန်တော် ကျောင်းပေါ့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အင်တာနေရှင်နယ် Acting နဲ့ပတ်သက်တဲ့ Expection တွေ နောက်ပြီးတော့ ဒီ Post House လို ဟာမျိုးပေါ့ အဓိက ကတော့ ကျွန်တော်တို့ဆီမှာ Post Production အတွက် နိုင်ငံခြားကို သွားပြီး အလုပ်လုပ်နေကြရတယ်။ ဒီအချိန်မှာဆိုတော့ Post House တစ်ခုရယ် နောက်ပြီးတော့  Pre အတွက်ကို ကျွန်တော်တို့ အဲဒီလိုမျိုးအတွက် Workshop လုပ်ဖို့အတွက်နေရာတွေ အဲ့ဒီဟာတွေက အခက်အခဲ ရှိတယ်ပေါ့ စိတ်ကူးယဉ်ထားတဲ့ဟာတော့ မဟုတ်ဘူးပေါ့ အကောင်အထည် ဖော်နေတဲ့အရာလေးပေါ့။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags