ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုဆိုးဝါးလာ

ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုဆိုးဝါးလာ
၂၀၁၅ ခုနှစ် ဂျွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးအထိန်းအမှတ်အဖြစ် ဖမ်းဆီးမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခန်းအနားအား ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၉ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ့ တွင် ဂျွန်လ ၂၆ ရက်က ပြုလုပ်ကျင်းပသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

မုံရွာ၊ ဖေဖော်ဝါရီ ၈။      ။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုဆိုးဝါးလာကြောင်း ဝန်းသိုမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း က ပြောသည်။

"မူးယစ်ဆေးဝါးသုံးစွဲမှုက ဆိုးဝါးနေပါတယ်။ ရောင်းချနေရာမှာ ကြီးကြီးမားမားဖြန့်ဖြူး ရောင်းချသူတွေကို ဖမ်းဆီးရမိနိုင်ခြင်း မရှိပါဘူး။ သုံးစွဲသူတွေနဲ့အနည်းငယ်ပဲ ရောင်းတဲ့သူတွေလောက်သာ ဖမ်းဆီးနေတဲ့ အတွက် အချုပ်ခန်းပြည့်နေပါတယ်" ဟု ဝန်းသိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း က ပြောသည်။

ဝန်းသိုမြို့နယ်သည် တောတောင်ထူထပ်သော မြို့နယ်ဖြစ်ြင်္ပး မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုမရှိသော်လည်း သုံးစွဲမှုများပြားသော ဒေသဖြစ်ကြောင်း နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗ်ုလ်မှူးကြီးကျော်သန့်နိုင်ကလည်း ပြောသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၁၄ ခုနှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၄ မှုနှင့် တရားခံ ၄၈ ဦး၊ ၂၀၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၄၂ မှုနှင့် တရားခံ ၇၆ ဦး၊ ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၇၉ မှုနှင့် တရားခံ ၁၁၈ ဦးအား အရေးယူခဲ့ကြောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၁၂၇၁ မှု နှင့် တရားခံ ၂၁၂၅ ဦးအား အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly