ပွင့်ဖြူတွင် ၂၀၁၅ခုနှစ် ရေဘေးအလှူငွေ အလွဲသုံးစားမှု အမြန်တရားစွဲပေးရေး ဆန္ဒပြ

ပွင့်ဖြူတွင် ၂၀၁၅ခုနှစ် ရေဘေးအလှူငွေ အလွဲသုံးစားမှု အမြန်တရားစွဲပေးရေး ဆန္ဒပြ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့တွင် ယနေ့ ညနေ(၃နာရီ၃၀မိနစ်)ခန့်က ၂၀၁၅ခုနှစ် ရေဘေးအလှူငွေ အလွဲသုံးစားမှု အမြန်တရားစွဲပေးရေးအတွက် ပွင့်ဖြူမြို့နယ် လယ်မကျေးရွာ ပြည်သူ(၂၀၀)ဦးခန့်က ပွင့်ဖြူ-စလင်းကားလမ်းအတိုင်း စီတန်းလှည့်လှယ် ကြွေးကြော်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန ရုံးရှေ့ မြေကွက်လပ်အထိ စီတန်းလှည့်လည်ခဲ့ပြီး အကြောင်းအရင်းကို   ခေါင်းဆောင်သူများက   ဟောပြောခဲ့သည်။

ယင်းစီတန်းလှည့်လှယ်ဆန္ဒပြပွဲကို လယ်မကျေးရွာနေ ဦးမင်းအောင်က ဦးဆောင်ခဲ့ပြီး နတ်မောက်မြို့ အောင်ဆန်းရပ်နေ လူအခွင့်အရေး လှုပ်ရှားသူ ဦးဇော်ဝင်းက ဟောကြားခဲ့သည်။ စီတန်းလှည့်လှယ်သူများ သည် ၂၀၁၅ခုနှစ် ရေဘေးအလှုငွေ အလွဲသုံးစားပြုသူများ အမြန်တရားစွဲပေးရေး၊တရားစွဲဆိုရေး ကြန့်ကြာအောင် ဆောင်ရွက်သူများ အရေးယူပေးရေး ကြွေးကျော်သံပါ ဗီနိင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

“၂၀၁၅ ခုနှစ်က ရေဘေးသင့် ပြည်သူတွေအတွက် မြန်မာပြည်နယ် အသီးသီးက ပြည်သူများရဲ့ အလှုငွေတွေ အလွဲသုံးစား ပြုသူတွေကို အရေးယူပေးဖို့ အကြိမ်ကြိမ် တိုင်တန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တာဝန်ရှိသူတွေကတရားစွဲဆိုဖို့ ကြန့်ကြာအောင် လုပ်နေပါတယ်။ ဒီလို ဆောင်ရွက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ သက်ဆိုင်ရာဌာနများသို့ ရေဘေးသင့် ပြည်သူများမှ ၂၀၁၅ခုနှစ်ရေဘေး အလှုငွေ အလွဲသုံးစားပြုသူများကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပေမယ့် အရေးယူမပေးတဲ့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အခုလို စီတန်းလှည့်လှယ်ဆန္ဒပြရတာပါ” ဟု ပွင့်ဖြူ မြို့နယ် လယ်မကျေးရွာနေ ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။

၂၀၁၅ ခုနှစ်၊ ရေဘေးအလှူငွေ အလွဲသုံစားပြုသူများအား ရေဘေးသင့် လယ်မကျေးရွာရွာ ပြည်သူတွေက တာဝန်ရှိသူတွေကို အကြိမ်ကြိမ်တိုင်ကြားသော်လည်း အရေးယူမှု မရှိကြောင်း နတ်မောက်မြို့ အောင်ဆန်းရပ်နေ လူအခွင့်အရေးလှုပ်ရှားသူ ဦးဇော်ဝင်းကပြောသည်။

“ ကျွန်တော့ဆီ အကူအညီတောင်းတယ်။ ၂၀၁၆ စက်တင်ဘာ(၂၉) ရက်နေ့က ပွင့်ဖြူ မြို့ မြို့မ ရဲစခန်းမှာ အမှုထပ်မံဖွင့်တယ်။ အမှုလက်ခံတယ် ၊ဒီအမှုဖွင့် တိုင်တန်းမှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ(၁) ရက်နေ့အထိ တရားစွဲဆိုဖို့ကြန့်ကြာအောင် ဆောင်ရွက်နေတယ်။ ကြန့်ကြာအောင်ဆောင်ရွက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ ၂၀၁၅ ခုနှစ်၊ ရေဘေးသင့်ပြည်သူတွေ အတွက် အနယ်နယ်အရပ်ရပ်က လှူဒါန်းငွေ အလွဲသုံးစားလုပ်တဲ့ တာဝန်ရှိသူတွေ အရေးယူပေးဖို့အတွက် အခုဟောပြောပွဲ ပြုလုပ်တာပါ ”ဟု နတ်မောက်မြို့ အောင်ဆန်းရပ်နေ လူအခွင့်အရေးလှုပ်ရှားသူ ဦးဇော်ဝင်းကပြောသည်။

၂၀၁၅ခုနှစ် ရေဘေးအလှုငွေ အလွဲသုံးစားပြုသူများ အမြန်တရားစွဲဆိုရန် နှင့်ကြန့်ကြာအောင် ဆောင်ရွက်သူများအားအရေးယူ ဆောင်ရွက်ပေးရေးအတွက် ပွင့်ဖြူ မြို့ပေါ် စီတန်းလှည့်လှယ် ဆန္ဒပြကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့သော လယ်မကျေးရွာပြည်သူ(၂၀၀)ခန့်သည် ဟောပြောပွဲအပြီး ညနေ(၄နာရီ၃၀မိနစ်)ခန့်တွင် အေးချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly