ခြေနှစ်ချောင်းမရှိပေမယ့် စက်ရုပ်ခြေတုများနဲ့ ဆော့နိုင်တဲ့ ကြောင်ကလေးများ

ခြေနှစ်ချောင်းမရှိပေမယ့် စက်ရုပ်ခြေတုများနဲ့ ဆော့နိုင်တဲ့ ကြောင်ကလေးများ

မတော်တဆဖြစ်မှုမှာ နောက်ခြေနှစ်ချောင်း ဆုံးရှုံးသွားခဲ့ရသော ဘူဂေးရီးယားနိုင်ငံမှ ပိုင်ရှင်မဲ့လမ်းဘေးကြောင် နှစ်ကောင်အား စက်ရုပ်ခြေတုများ တပ်ဆင်ပေးခဲ့ပြီး ဝါရင့်ခွဲစိတ်ဆရာဝန်များက အဆိုပါခွဲစိတ်မှုသည် ပထမဦးဆုံး အကြိမ်အဖြစ် ဗြိတိန်နိုင်ငံပြင်ပတွင် ပြုလုပ်ခဲ့သော ခွဲစိတ်မှုဖြစ်သည်။

ပုရှ်အမည်ရှိ တစ်နှစ်သားအရွယ် ကြောင်လေးသည် ဆိုဖီယာ ခွဲစိတ်ဆေးကုခန်းအတွင်း၌ ကြွက်ရုပ်ကလေးအား လိုက်လံ ဖမ်းဆီးနေပြီး အခြားကြောင်းကလေးများနည်းတူ ဖွင့်ထားသော ဗီရိုအတွင်းမှ ဆေးပုလင်းလေးများအား စပ်စုလိုစိတ်ဖြင့် အနံ့ခံနေသည်ကို တွေ့နိုင်သည်။

အခြားကြောင်လေးများနှင့် ကွဲပြားသောအချက်မှာ သူ၏တိုက် တေနီယံနှင့် ပြုလုပ်ထားသော ခြေချောင်းလေးများမှာ ကြမ်းပြင်ပေါ်သို့ ထိတွေ့ခိုက်တွင် ညင်သာသောအသံလေးများ ကိုကြားနေရခြင်းဖြစ်သည်။ ပြီးခဲ့သော ဧပြီလက ရထား သို့မဟုတ် ယာဉ် မတော်တဆတိုက်ခဲ့မှုတွင် သူ၏ ခြေထောက်များ ဆုံးရှုံးခဲ့ရသည်ဟုထင် ရသော ပုရှ်သည် ဘူဂေးရီးယား ဝါရင့်ခွဲစိတ်ဆရာဝန် ဗလပ်ဒီဆလပ်ဇလာတီနော့ဗ်၏ ကျေးဇူးကြောင့်သွားလာ လှုပ်ရှားနိုင်ပြီဖြစ်သည်။

၂၀၀၉ခုက အော်စကာအမည်ရှိ ကြောင်လေးတစ်ကောင်အား စက်ရုပ်ခြေတုများကို နောက်ခြေများ၌ အစားထိုး ကုသပေးခဲ့သော ဗြိတိန်မှ အိုင်းရစ်လူမျိုး အာရုံကြောနှင့် အရိုးရောဂါ ကုခွဲစိတ်ဆရာဝန်ဖြစ်သူ နိုအယ် ဖစ်ဇ်ပတ်ထရစ်ပြီးလျှင် ဒေါက်တာ ဇာလာတီနော့ဗ်သည် ဥရောပတိုက်တွင် ပထမဦးဆုံး အဆိုပါနည်းပညာအား အောင်မြင်စွာ အသုံးချနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

“ပုရှ်ရဲ့ အခြေအနေဟာ လိုတာထက်ကိုပိုပြီး စိတ်ကျေနပ်စရာ ကောင်းနေပါတယ်။ ကိုရိုးကားယား နိုင်စရာလေးတွေ ရှိနေပေမယ့်လည်း သူဟာအခုဆို လမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ခုန်နိုင်နေပါပြီ” ဟု ၃၅နှစ်အရွယ် ဇလာတီနော့ဗ်က ပြောခဲ့သည်။ အကယ်၍ အားလုံး အကောင်းဆုံးဖြစ်သွားပါက ပုရှ်၏ အရေပြားသည် နောက်ဆုံးတွင် အရိုးပေါ်သို့ ဖုံးသွားပြီး ပိုးမွှား ကူးစက်ခြင်းမှ ကာကွယ်နိုင်သည့် အခြေအနေအထိ ပိတ်သွားနိုင်မှာဖြစ်ပါတယ်”ဟု ဇလာတီနော့်ဗက ပြောသည်။

ဇလာတီနော့ဗ်သည် နောက်ခြေနှစ်ချောင်းလုံး ဆုံးရှုံးခဲ့ရသည့် ၈လအရွယ်ရှိ စတီဗင်ဟုခေါ်သော ကြောင်လေးအား အရိုးဆက် ကုသနည်းဖြင့် ကုသပေးခဲ့သည်။ “ယခုခွဲစိတ်မှုဟာ ဘူဂေးရီးယားလို နိုင်ငံမျိုးမှာတောင်မှ ဆန်းသစ်သော အရာများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ခံစားချက်ကိုပေးပါတယ်” ဟု သူကပြောခဲ့သည်။

ပုရှ်နှင့် စတီဗင်တို့အား ဘူဂေးရီးယားရှိ တိရစ္ဆာန်လေးများ အားစောင့်ရှောက်သော ပရဟိတအဖွဲ့ Let’s Adopt မှ အဆိုပါ ဆေးခန်းသို့ လာရောက်ပို့ဆောင်ပေးခဲ့ပြီး ခွဲစိတ်မှုအတွက် ထောက်ပံ့ပေးခဲ့သည်။ “ကျနော်တို့ဟာ ဇလာတီနော့ဗ်ကို လိုက်ရှာခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ယခုလိုမျိုး မျှော်လင့်ချက်မဲ့နေတဲ့ ဒဏ်ရာရ တိရစ္ဆာန်လေးတွေကို အရင်ကလည်း ကုသပေးဖူးလို့ပါ” ဟု Let’s Adopt အဖွဲ့မှ Vyara Mladenova က ပြောသည်။ “ဒါပေမယ့် ကျနော်တို့ သူဒီလောက်ထိ လုပ်နိုင်လိမ့်မယ်လို့လည်း မထင်ခဲ့သလို အခုလောက်အောင်မြင်မယ်လို့ လည်းမမျှော်လင်ခဲ့မိပါဘူး” ဟု ဆက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags