ပထမဆုံးအကြိမ်အဖြစ် တူရကီစစ်လေယာဉ်များ ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ

ပထမဆုံးအကြိမ်အဖြစ် တူရကီစစ်လေယာဉ်များ ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၄ ။     ။ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် တူရကီစစ်သား တစ်ဦးသေဆုံးပြီးနောက် တိုက်ခိုက်မှု များသိသိသာသာ မြင့်မားလာချိန် ပထမဆုံးအကြိမ်အဖြစ် တူရကီဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်ဂျီဟတ်ဝါဒီများ၏ စခန်းများကို ဇူလိုင် ၂၄ ရက်နေ့အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုနေ့အစောပိုင်းက တူရကီ F-16 ဂျက်တိုက်လေယာဉ်သုံးစင်းသည် တူရကီအရှေ့တောင်ပိုင်းရှိ ဒီယာဘာကီယာမြို့မှ ပျံတက် ကာ အိုင်အက်စ် ပစ်မှတ်သုံးခုသို့ လမ်းညွှန်ဗုံးလေလုံး ကြဲချခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး ၏ကြေညာချက်တစ်ခု တွင်ဖော်ပြ ခဲ့သည်။

ဇူလိုင် ၂၃က တူရကီနှင့် အိုင်အက်စ်ဂျီဟတ်များကြား ပထမဆုံးအကြိမ် နယ်စပ်ဖြစ်ကျော်တိုက်ပွဲများဖြစ်ပွားပြီး တူရကီစစ်သား တစ်ဦးနှင့် စစ်သွေးကြွတစ်ဦး သေဆုံးပြီးနောက် တူရကီ၏ လေကြောင်းစစ်ဆင်ရေးပေါ်လာခြင်းဖြစ်သည်။

အိုင်အက်စ်တို့သည် ၂၀၁၃ခုနှစ်တွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံများတစ်ဝန်း စတင်ချီတက်သိမ်းပိုက်ခဲ့ရာ နယ်မြေအများအပြားကို ထိန်းချုပ်လာနိုင်ခဲ့ပြီး တူရကီနယ်စပ်အထိ ထိန်းချုပ်လာနိုင်ခဲ့သည်။ ထို့အပြင် လများစွာ စေ့စပ်ညိနှိုင်းပြီးနောက် အိုင်အက်စ် တို့ကို လေကြောင်းမှ တိုက်ခိုက်ရန် တူရကီသည် အမေရိကန်အား တောင်ပိုင်းရှိ အဓိကလေတပ်စခန်းကို အမေရိကန်အား အသုံးပြုခွင့်ပေးပြီးနောက် တိုက်ခိုက်မှုပေါ်လာခဲ့ခြင်းဖြစ်သည်။

တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတော့ဂလူ ကမကထလုပ်ကျင်းပသည့် လုံခြုံရေးအရာရှိများ၏ အစည်းအဝေးတွင် အိုင်အက်စ် တို့အား လေကြောင်းမှတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားနယ်စပ်ရှိ တူရကီမြို့တစ်မြို့တွင် ဇူလိုင် ၂၀က အသေခံဗုံးခွဲမှုကြောင့် လူ ၃၂ဦးသေဆုံးပြီးနောက် နယ်စပ်တိုက်ပွဲ များဖြစ်ပေါ်လာခဲ့သည်။ အသေခံဗုံးခွဲမှုမှာ အိုင်အက်စ်တို့လက်ချက်ဟု တူရကီက အပြစ်တင်ခဲ့သည်။

ဇူလိုင် ၂၄က တူရကီရဲတပ်ဖွဲ့သည် အိုင်အက်စ်နှင့် ကာ့ဒ်စစ်သွေးကြွများဟု မသင်္ကာသူများကို ဖမ်းဆီးရန် စီးနင်းတိုက်ခိုက် မှုများပြုလုပ်ခဲ့သည်။

တူရကီနိုင်ငံတစ်ဝန်း ပြည်နယ် ၁၃ ခုတွင် စီးနင်းမှုများပြုလုပ်ခဲ့ပြီး စုစုပေါင်း လူ၂၅၁ဦးကို ထိန်းသိမ်းခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly