မဂ္ဂဇင်းမျက်နှာဖုံး၌ ကိုယ်ဟန်ပြခဲ့သော လှပနေဆဲဖြစ်သည့် အသက်၆၃နှစ်အရွယ် ခရစ္စတီဘရင့်ကလေ

မဂ္ဂဇင်းမျက်နှာဖုံး၌ ကိုယ်ဟန်ပြခဲ့သော လှပနေဆဲဖြစ်သည့် အသက်၆၃နှစ်အရွယ် ခရစ္စတီဘရင့်ကလေ

မော်ဒယ်လ်ခရစ္စတီဘရင့်ကလေသည် အသက်အရွယ်ဆိုသည်မှာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်ကြောင်း ပြသသည့်အနေဖြင့် Sports Illustrated မဂ္ဂဇင်း၏မျက်နှာဖုံး၌ ရေကူးဝတ်စုံဝတ်ဆင်ကာ ကိုယ်ဟန်ပြသခဲ့ပါသည်။

မဂ္ဂဇင်း၏မျက်နှာဖုံးတွင် အသက်၆၃နှစ်အရွယ်ရှိခရစ္စတီသည် သူမ၏သမီးနှစ်ဦးဖြစ်သော ဆေလာဘရင့်ကလေ နှင့် အယ်လီရှာရေးဂျိုအယ်တို့နှင့်အတူတကွ ကိုယ်ဟန်ပြခဲ့ကြသည်။

ဓာတ်ပုံထဲတွင် ခရစ္စတီသည်ရေပေါ်၌ မတ်တပ်ရပ်နေသော ပုံစံကိုမြင်ခဲ့ရသည်။ ထို့ကြောင့်ခရစ္စတီက “ကျမရဲ့ ကလေးတွေက ကျမရေပေါ်မှာ မတ်တပ်ရပ်နေတယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့်ရေမျက်နှာပြင်အောက်မှာ ကျမရပ်ဖို့ခုထားတဲ့ သေတ္တာလေးရှိတယ်ဆိုတဲ့အကြောင်းကို မပြောကြပါနဲ့” ဟု နောက်ပြောင်ခဲ့သည်။

ခရစ္စတီသည် လွန်ခဲ့သော ၁၉၇၀ခုနှစ်များက Sports Illustrated မဂ္ဂဇင်းအတွက်ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် တွင် မင်းသမီးတစ်ဦးအဖြစ်နှင့်လူသိများခဲ့သူဖြစ်သည်။

ဒါ့အပြင်သူမသည် အောင်မြင်သောမော်ဒယ်တစ်ယောက်အဖြစ် Playboy နှင့် Men’s Health မဂ္ဂဇင်းမျက်နှာဖုံး တို့တွင်ကိုယ်ဟန်ပြရိုက်ကူးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly