မာလဝီမှ ကလေးနှစ်ဦးအား မွေးစားရန် မက်ဒေါနား ခွင့်ပြုချက် ရရှိခဲ့

မာလဝီမှ ကလေးနှစ်ဦးအား မွေးစားရန် မက်ဒေါနား ခွင့်ပြုချက် ရရှိခဲ့

နာမည်ကျော်အဆိုတော် မက်ဒေါနားအား မာလဝီနိုင်ငံမှ ကလေးနှစ်ဦးကို မွေးစားရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ကြေညာခဲ့ပါသည်။

အဆိုပါ ခွင့်ပြုချက်အား မာလဝီနိုင်ငံတော်တရားရုံးမှ ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုတော်မက်ဒေါနားသည် အရင်တုန်းကလည်း အာဖရိကနိုင်ငံမှ ကလေးနှစ်ဦးအား မွေးစားခဲ့ဖူးပြီး ၎င်းတို့မှာ ၂၀၀၆ခုနှစ်တွင် မွေးစားခဲ့သော ဒေးဗစ်အမည်ရှိ ယောင်္ကျားလေးတစ်ဦးနှင့် ၂၀၀၉ခုနှစ်တွင်   မွေးစားခဲ့သော မာစီ အမည်ရှိ မိန်းကလေးတစ်ဦးတို့ ဖြစ်ကြသည်။

မာလဝီဂျူရီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမ်လန်ဂါအမ်ဘူလာက လီလွန်ဝီရှိတရားရုံးတွင် အဆိုပါ ခွင့်ပြုမိန့်အား ပေးအပ်ခဲ့ချိန်၌ မက်ဒေါနားသည် ရုံးတော်အတွင်း၌ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

“ကျနော်တို့သူမကို ခွင့်ပြုမိန့်ပေးခဲ့တဲ့အချိန်မှာ သူမဟာ ရုံးတော်ထဲမှာ သူမ၏ရှေ့နေများနှင့်အတူ ရှိနေခဲ့ပါတယ်” ဟု မစ္စတာအမ်ဘူလာက ပြောခဲ့သည်။

ပြီးခဲ့သောလကလည်း မက်ဒေါနားသည် မာလဝီနိုင်ငံမှ ကလေးနှစ်ဦးအား မွေးစားတော့မည်ဆိုသော သတင်းများ ကို မာလဝီနိုင်ငံသို့ ရန်ပုံငွေကိစ္စဖြင့် အလည်အပတ်လာရောက်စဉ်တွင်   ငြင်းဆန်ခဲ့ဖူးပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags