စားသုံးရန်မသင့်သော အစားအသောက်များ စျေးကွက်ထဲတွင် ထပ်မံတွေ့ရှိ

စားသုံးရန်မသင့်သော အစားအသောက်များ စျေးကွက်ထဲတွင် ထပ်မံတွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။                ။မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့်သော အစားအသောက် ၁၁ မျိုးကို ဖေဖော်ဝါရီ ၇ရက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ထိုအစားအသောက်တွေထဲမှာ ခွင့်မပြု ဆိုးဆေးတွေပါနေတယ်လို့ သိရပါတယ်။

ထုတ်ပြန်လိုက်တဲ့ အစားအသောက်တွေကတော့ ဂျယ်လီစာသားပါ အချိုရည် ခရမ်းရောင်၊ ပန်းရောင်နဲ့ အနီရောင်၊ အမှတ်တံဆိပ်မပါတဲ့ အချိုရည် လိမ္မော်ရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ ကိုလာ(Cola)အချိုရည် အနီရောင် (ကော်ဗူးအတို အဖုံးအနီရောင်ဖြင့်)၊ အမှတ်တံဆိပ်မပါ ဝေဖာလုံး၊ Fruit Drink juice အမှတ်တံဆိပ်ပါ အချိုရည် လိမ္မော်ရောင်၊ Pineapple juice အမှတ်တံဆိပ်ပါ အချိုရည် ခရမ်းရောင်နဲ့ အမှတ်တံဆိပ်မပါရှိပဲ Kitty ရုပ်ပုံသာပါရှိသော အချိုရည်လိမ္မော်ရောင်တို့ ဖြစ်ပါတယ်။

ယခင်လကလည်း ဈေးကွက်အတွင်းရှိ အစားအသောက်များကို စစ်ဆေးခဲ့ရာ ငရုပ်သီးမှုန့် အချို့တွင် မှိုအဆိပ်များတွေ့သဖြင့် ဈေးကွက်တင်သွင်းခွင့် ပိတ်သိမ်းခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required