မွန်​အမျိုးသား​နေ့တွင် ​လက်​နက်​နှင်​့စစ်​​ရေးပြ အခမ်းအနားကို ​အစဉ်​အလာအရထည်​့သွင်​း​ဆောင်​ရွက်​မည်​

မွန်​အမျိုးသား​နေ့တွင် ​လက်​နက်​နှင်​့စစ်​​ရေးပြ အခမ်းအနားကို ​အစဉ်​အလာအရထည်​့သွင်​း​ဆောင်​ရွက်​မည်​

မြိတ်၊ ဖေဖော်ဝါရီ-၇ ။               ။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား၌ လက်နက်နှင့် စစ်ရေးပြအခမ်းအနားထည့်သွင်းခြင်း မပြုလုပ်ရန် ပြည်နယ်အစိုးရကတားမြစ်မှုရှိခဲ့သော်လည်း အစဉ်အလာအရ ရပ်တန့်သွားရန် မဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ဝင်းလှက မဇ္ဈိမသို့ ဖေဖော်ဝါရီ ၇ရက်ကပြောသည်။

"စစ်ရေးပြအခမ်းအနားကို နှစ်တိုင်းထည့်ပြီးလုပ်လာခဲ့တယ်။ ကြာပြီ။ရပ်ပေးဖို့ ပြောလာတော့ အခက်အခဲဖြစ်လာတာပေါ့။ ဒါကြောင့် မရပ်ဖူးပေါ့ဗျာ"ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂ ရက်ရက်စွဲဖြင့် ယင်းတားမြစ်ချက်ကို ပြည်နယ်အစိုးရက NMSP မွန်အဖွဲ့(ဗဟို)သို့ပေးပို့လာခဲ့ခြင်းအပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တားမြစ်ချက်နှင့်ပက်သက်၍ ပြည်နယ်အစိုးရသို့ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ခွဲခန့်က ပြန်လည်အကြောင်းကြားစာကို ပို့ဆောင်ထားပြီးဖြစ်မည်ဟု နိုင်ဝင်းလှကဆိုသည်။

အဆိုပါ မွန်အမျိုးသားနေ့အခမ်းအနားကို ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဂျပန်ရေတွင်းကျေးရွာ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး တားမြစ်ချက်အကြောင်းကြားစာအပေါ် လိုက်နာဆောင်ရွက်ရန်မရှိဆိုသည့် သဘောဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်က ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly