ဘယ်အရာက ကိုယ့်ချစ်သူကို စိတ်ပျက်စေသလဲ

ဘယ်အရာက ကိုယ့်ချစ်သူကို စိတ်ပျက်စေသလဲ

လူတွေကြားမှာ ကိုယ်လုပ်လိုက်တဲ့  အပြုအမှုလေး တစ်ခုကြောင့် ချစ်သူက ကိုယ့်အပေါ်စိတ်ကွက်ပြီးတော့ သူငြိုငြင်တာကို ခံခဲ့ဖူးပါသလား။ ဒါကတော့ ချစ်သူတွေကြားမှာ ဖြစ်နေကျ ကိစ္စလေးတစ်ခုပဲ ဖြစ်မယ်လို့ ထင်ပါတယ် ဒီတော့....ဘယ်လိုအပြုအမှုတွေက ကိုယ့်ချစ်သူကို စိတ်ပျက်စေလဲဆိုတာကို ကျွန်မသူငယ်ချင်းတွေဆီကို အခုပဲ လိုက်မေးကြည့်ပါ့မယ်။ ။

 

 

 

“ဘယ်လို အပြုအမှုလဲဆိုတော့ အမှန်တိုင်း မပြောတာရယ်... မသိဘူး မသိဘူးလို့ ပြောရင်ပိုပြီး စိတ်ဆိုးတယ် ကျန်တာကတော့ ခွင့်လွှတ်ပါတယ်။”

 

 

 

 

“တချို့ကိစ္စတွေမှာပေါ့။ သူ့ဘက်က ဥပမာ အလေးအနက်ထားပြီးတော့ အတည်မေးမိတဲ့ ကိစ္စမျိုးမှာ ကျွန်တော့်ဘက်က ကျတော့ ပေါ့ပေါ့ပါးပါးနဲ့ သိပ်အလေးအနက်မထားဘဲ စကားကို ပေါ့ပေါ့ ပြောမိလိုက်တာ အဲဒီလိုဆို ရှေ့နောက် မညီတော့ဘူးပေါ့။ အဲဒီလို အခါမျိုးမှာ ကောက်သွားပါရော”

 

 

 

“သူနဲ့တွေ့ရင် တခြားယောကျ်ားလေးတွေ လိုက်ကြည့်နေတာ သူက စိတ်ပျက်စေတာပေါ့”

 

 

 

 

“မြန်မာ ဆန်ဆန်မဝတ်ဘဲနဲ့... ထဘီမဝတ်ဘဲ ဘောင်းဘီတို့ အတို တို့ ဝတ်ရင်စိတ်ဆိုးတယ်”

 

 

 

 

“ဘယ်လို အပြုအမူတွေကြောင့်လဲဆိုတော့... ကျွန်တော် စတဲ့ အခါတိုင်း သူစိတ်ကောက်တယ်။ အမြဲတမ်း..ချော့ရတာတော့ ဘယ်လိုပြောမလဲ.... ဟာသလေးတွေ ပြောပြီးချော့တာပေါ့”

 

 

 

“သူနဲ့ကိုယ်နဲ့က အဲဒီလိုမျိုး..အဝေးရောက် ချစ်သူဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော် ကိုယ်က သူ့ကို အဲဒီလို မက်ဆေ့ချ်တွေ အလုပ် လုပ်မှန်းမသိ မလုပ်မှန်းမသိပေါ့ သူ့ကိစ္စနဲ့သူက အလုပ်ရှုပ်နေတာကို ကိုယ်က မက်ဆေ့ချ်တွေ ခဏခဏပို့မိတဲ့အတွက် တစ်ခါတစ်လေကျရင်တော့ စိတ်ပျက်စေတယ် ထင်ပါတယ်”

 

 

 

“ကိုယ်က သတိရလို့ သူ့ကို ဖုန်းဆက်တဲ့အချိန်မှာ သူက မအားလို့ ဖုန်းမကိုင်ဖြစ်တဲ့ အခါမျိုးကျရင် ကိုယ်က စိတ်ပူလို့ ဖုန်းဆက် သူက ဖုန်းမကိုင်ဖြစ် အဲဒီအခါက သူက ဖုန်းပြန်ဆက်တဲ့အခါ ကိုယ်က စိတ်ပူပြီးပြောတာ ပြောတာ အရမ်းကိုပေါ့နော် ပြောတာဆိုတာပေါ့နော်။ ဖုန်းမကိုင်လို့ စိတ်ပူတဲ့အကြောင်းကို အဲဒီလိုအခါကျတော့ သူ့ဘက်ကလည်း အလုပ်မအားတဲ့ကြားက ဖုန်းကိုင်ရတဲ့အတွက် ဖုန်းပြန်ဆက်လို့ ပြောတဲ့ အခါမျိုးကျရင် အရမ်းစိတ်ညစ်တဲ့ အခါမျိုးကျရင် စိတ်ပျက်စေမယ်လို့ ထင်ပါတယ်”

 

 

“ဘယ်လိုလဲဆိုတော့ ကျွန်တော်က မိန်းကလေးအပေါင်းအသင်းများတယ် အဲဒီအခါကျ မိန်းကလေးအပေါင်းတွေများပြီး သူ့အတွက် အချိန်မပေးနိုင်တဲ့ အခါကျရင် အဲဒီလိုမျိုးကျရင်တော့ သူစိတ်ဆိုးတယ် ဟုတ်။ ။”

 

 

 

ရည်ရွယ်ချက်မရှိပေမယ့်လည်း သူတို့ရဲ့ ချစ်သူတွေအပေါ် စိတ်ဆိုး စိတ်ကောက်အောင် ဘယ်လိုတွေ ပြုမူခဲ့သလဲဆိုတာကို ကျွန်မရဲ့ သူငယ်ချင်းတွေက  အခုလိုပဲ ပြောပြခဲ့ကြတာပါ Yope သူငယ်ချင်းတို့မှာလည်း ဘယ်လို အပြုအမူကြောင့် ကိုယ့်ရဲ့ချစ်သူက ကိုယ့်အပေါ်  စိတ်ဆိုးစေသလဲဆိုတာကို ကျွန်မတို့ရဲ့ Yope Facebook နဲ့ Yope Website  တွေမှာ ဝင်ရောက်ပြီးတော့ ကွန်းမန့်လေးတွေ မျှဝေပေးခဲ့ကြပါဦး …..ဘိုင့်......

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly