ချင်းအမျိုးသားနေ့ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ချင်းပြည်နယ်ဝန်ကြီးပြော

ချင်းအမျိုးသားနေ့ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ချင်းပြည်နယ်ဝန်ကြီးပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။                   ။ ဖေဖော်ဝါရီလ ၂၀ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျင်းပမည့် ချင်းအမျိုးသားနေ့အတွက် အဆင်သင့်ဖြစ်နေပြီဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကို ပြောပါတယ်။

ချင်းအမျိုးသားနေ့နှင့်အတူ ဖလမ်းမြို့တည်နှစ် ၁၂၅နှစ်ပြည့်ကိုလည်း တွဲဖက်ကျင်းပသွားမယ်လို့ သိရပါတယ်။

ချင်းအမျိုးသားနေ့ပွဲအတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမယ့် ဧည့်သည်များအတွက်လည်း ဖလမ်းမြို့နယ်မှာရှိတဲ့ တည်းခိုခန်းတွေကို ဧည့်သည်တွေ တည်းခိုရေးအဆင်ပြေစေရန် ဦးစားပေးလုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။

“ဒီပွဲအတွင်းမှာ အားကစားပြိုင်ပွဲတို့ ပြခန်းတို့ ဒါတွေကိုလည်း စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်အောင် လုပ်နေတာပေါ့။ မြို့ထဲမှာ သွားရေးလာရေး အဆင်ပြေအောင်လည်း လမ်းချဲ့တာ လိုအပ်တဲ့ တည်ဆောက်မှုတွေလုပ်တာ ဒါတွေလည်းလုပ်နေပါတယ်”ဟု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

ယခင်နှစ်က ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်မင်းတပ်မြို့မှာ ပြုလုပ်ခဲ့ပြီး လာမည့်နှစ်တွင် ချင်းပြည်နယ်တောင်းပိုင်းရှိ မြို့နယ်တစ်ခုခုတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly