အနာဂတ်တွင် နည်းပြလုပ်ရန် ရည်ရွယ်ထားကြောင်း ရွန်နီ ဖွင့်ဟ

အနာဂတ်တွင် နည်းပြလုပ်ရန် ရည်ရွယ်ထားကြောင်း ရွန်နီ ဖွင့်ဟ

ဇူလိုင် ၂၄၊ မန်ချက်စတာ ။    ။ မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီက ကစားသမားဘ၀ အဆုံးသတ်သွားသည့်အခါတွင် နည်းပြလုပ်ရန် အစီအစဉ်ရှိကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်းချန်ပီယံလိဂ်ရရှိခဲ့ခြင်းသည် ၎င်းအား ပြိုင်ပွဲများ အပေါ်ကွဲပြားခြားနားသည့် အမြင်ဖြစ်ပေါ်စေခဲ့ သည်ဟု လာမည့်အောက်တိုဘာလတွင် အသက် ၃၀ ပြည့်တော့မည့် ရွန်နီကပြော သည်။

'ကျွန်တော် ကစားသမားတစ်ယောက်လိုပဲ စဉ်းစားပါတယ်။ တစ်နေ့မှာ နည်းပြလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အသက်နည်းနည်း ကြီးလာတဲ့ အခါမှာ ဒီအရာတွေကို ခင်ဗျားအမြဲ ကြိုးစားမှာပါပဲ။ အသင်းတွေရဲ့ မတူညီတဲ့ ကစားပုံတွေ။

သူတို့ဘယ်လိုအနိုင်ရအောင်ကစားကြတယ်ဆိုတာတွေကို နားလည်ဖို့ ကြိုးစားပါလိ့မ်မယ်။ ဘောလုံးပွဲတွေကို ကြည့်တဲ့အခါမှာ ကွဲပြားတဲ့အမြင်နဲ့ ကြည့်လာမိပြီး အဲ့ဒီကနေ သင်ယူလာပါလိ့မ်မယ်' ဟု ရွန်နီက ပြောသည်။

ထို့နောက်တွင် ရွန်နီက လာမည့် တနင်္ဂနွေနေ့တွင် ကစားရမည့် ဘာစီလိုနာအသင်းကို ချီးကျူး ပြောဆိုသည်။ 'ဘာစီလိုနာက တကယ်ကို ကောင်းမွန်တဲ့အသင်းပါ။ ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဖလားရပြီးတဲ့နောက်မှာ သူတို့ ပြန်လည်ပြီး ကြိုးစားလာခဲ့ ပါတယ်။ မယုံကြည်နိုင်လောက်အောင် ကောင်းလာတာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ ယုံကြည်ပါတယ်' ဟု ရွန်နီက ဆိုသည်။

ရွန်နီသည် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်ကစားခဲ့ရာတွင် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရသည်။ ဘာစီလိုနာအသင်းကို အနိုင်ရယူရန်မှာ ခက်ခဲပြီး ဗိုလ်လုပွဲတွင် နှစ်ကြိမ် ရှုံးနိမ့်ရခြင်းသည် နာကျင်စရာကောင်းကြောင်း ရွန်နီက ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly