ကျောက်ဖရုံသီး စိုက်ပျိုးကြည့်ပါ

07 February 2017
ကျောက်ဖရုံသီး စိုက်ပျိုးကြည့်ပါ

ကျောက်ဖရုံရဲ့ မူရင်းဒေသကတော့ အာဖရိကတိုက်နဲ့ အာရှတိုက်ကပဲ ဖြစ်ပါတယ်။

ကျောက်ဖရုံကို စင်ခံ၍သော်လည်ကောင်း စင်မခံပဲ မြေလွှတ်၍သော်လည်ကောင်း စိုက်ပျိုးနိုင်ပါတယ်။ စင်မခံပဲ ရေသွင်းစိုက်ပျိုးမယ်ဆိုရင်တော့ ရေကို လေးကြိမ်ကနေ ခြောက်ကြိမ်အထိ သွင်းပေးရန် လိုအပ်ပါတယ်။ ရေသွင်းစိုက်ပျိုးမယ်ဆိုရင်တော့ ရေပိုထုတ်ရန်အတွက် အသင့် စီမံထားရမှာဖြစ်ပါတယ်။

ကျောက်ဖရုံကို စိုက်ပျိုးပြီး နှစ်လမှ သုံးလအတွင်းမှာ ခူးဆွတ်နိုင်မှာလည်း ဖြစ်ပါတယ်။ စင်မခံပဲ စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ဧကမှာ အလုံးရေ ၂၀၀၀ ကနေ ၂၅၀၀ အထိ သီးနိုင်မှာဖြစ်ပါတယ်။

ကျောက်ဖရုံသီးမှာ ကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့ လိမ္မော်ရောင် ဖရုံကြိုင်၊ ပဲတောင်ထိုးပိုး၊ ဘူးဖရုံကြမ်းပိုး၊ ဘူးဖရုံ ပင်စည်ထိုးပိုးတို့ပဲ ဖြစ်ပြီးတော့ ကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့   ရေများလွန်း ရေနည်းလွန်းတာကြောင့် သီးပုပ်ရောဂါ ကျရောက်တတ်ပါတယ်။ အရောင်မညီ ကွက်ကျားရောဂါနဲ့ ဖားဥမှိုရောဂါတို့ ကျရောက်တက်ပါတယ်ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly