အဆိုတော်တင်ဇာမော်ရဲ့ ရ ခွေမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိ

အဆိုတော်တင်ဇာမော်ရဲ့ ရ ခွေမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။            ။ အဆိုတော်တင်ဇာမော်၏ ၇ခွေမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်သည့် 7 တေးစီးရီးကို The Sun Music Production မှ ဖေဖော်ဝါရီ ၇ရက်က စတင်ဖြန့်ချိလိုက်သည်။

ယနေ့သည် တင်ဇာမော်၏ ၄၁ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။ အဆိုပါတေးအယ်လ်ဘမ်တွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ကထဲက စုဆောင်းထားသည့် တေးသီချင်းများ ပါဝင်သလို တေးသီချင်း အသစ်များလည်း  ပါဝင်သည်။

“၂၀၁၅ နှစ်လယ်လောက်က စပါတယ်။၂၀၀၃ လောက်ကတည်းက စုထားတဲ့ သီချင်းလေးတွေလည်း ပါပါတယ်။ ၂၀၁၅ ပတ်ချာလည်လောက်မှာ အသစ်ထပ်ရတဲ့ သီချင်းတွေလည်း ပါပါတယ်။ အစ်မပဲ အစအဆုံးကိုယ်တိုင် စီစဉ်တာပါ” ဟု အဆိုတော် တင်ဇာမော်က ပြောသည်။

7 တေးစီးရီးထဲတွင် တေးရေး မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ အယ်ဖြူ၊ မောင်မောင်ဇော်လတ်၊ အောင်ကိုမြင့်၊ မာတင်နှင့်  ကောင်းဇော်တို့ ၏ တေးသီချင်း (၁၀)ပုဒ် ပါဝင်ပါသည်။ ကိုယ်ပိုင်သံစဉ် ၆ ပုဒ် နှင့် ကော်ပီ ၄ ပုဒ်ဖြစ်သည်။

သီချင်းများအားလုံးကို Dream Lover Band က တီးခတ်ပေးထားပြီး ချစ်စမ်းမောင်၊ ငွေဇာတို့က Mixing ဆွဲပေးထားသည်။

တင်ဇာမော်အနေဖြင့် Promotion ပွဲ မလုပ်ဖြစ်သော်လည်း ယနေ့ ၁၁ နာရီမှ စတင်ကာ ညနေ ၅နာရီအထိ ၄၆ လမ်းတွင်းရှိ THE SUN Music Production တွင် လာရောက်ဝယ်ယူသူ ဧည့်ပရိသတ်များကို လက်မှတ်ရေးထိုးပေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly