ဗီဒယ်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလားကို ဘိုင်ယန် ထပ်မံရယူဦးမည်ဟု ဒေါ့တ်မွန်အသင်း၏ အမှုဆောင်အရာရှိချုပ် ၀က်ဇ်ကီ ဆို

ဗီဒယ်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလားကို ဘိုင်ယန် ထပ်မံရယူဦးမည်ဟု ဒေါ့တ်မွန်အသင်း၏ အမှုဆောင်အရာရှိချုပ် ၀က်ဇ်ကီ ဆို

ဇူလိုင် ၂၄၊ မြူးနစ် ။       ။ ဒေါ့တ်မွန်အသင်း၏ အမှုဆောင်အရာရှိချုပ် ဟန်ဂျိုအာချင်ဝက်ဇ်ကီက ဗီဒယ်ကို ခေါ်ယူနိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီသစ်တွင်လည်း ဘွန်ဒက်စ်လီဂါဖလားကို ထပ်မံရယူလိမ့်ဦးမည်ဟု ပြောဆိုလိုက်သည်။

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမန်နစ်ဂီက ချီလီကွင်းလယ်ကစားသမား ဗီဒယ်ကို ခေါ်ယူရန် ကစားသမားနှင့်ရော ဂျူဗင်တပ်စ် အသင်းနှင့်ပါ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာခဲ့သည်။ ဆေးစစ်မှု ပြုလုပ်ရန်နှင့် လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့ကြောင်း ရူမန်နစ်ဂီက ဆိုသည်။

ဒေါ့တ်မွန်အသင်း၏ အမှုဆောင်အရာရှိချုပ် ဝက်ဇ်ကီက 'ကျွန်တော့်အတွက်တော့ ဗီဒယ်ဟာ အလယ်တန်း ကစားသမားတွေ ထဲမှာ အကောင်းဆုံးပါပဲ။ သူဟာ တကယ့်ကစားသမားကောင်းပါ။ ဘောလုံးကျွမ်းကျင်မှုမြင့်မားသူလည်း ဖြစ်ပါတယ်။ ဗီဒယ် ကို ခေါ်ယူနိုင်တာက ဘိုင်ယန်အသင်းအတွက် တကယ်ကို ကောင်းမွန်ပါတယ်။ သူတို့အသင်းပိုပြီး တိုးတက်လာပါလိ့မ်ယ်။ ဘိုင်ယန်ဟာ လေးနှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ရတဲ့အသင်းဖြစ်လာပါလိ့မ်မယ်။ ပြီးရင်ငါးနှစ်ဆက်တိုက်…' ဟုပြော သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အသက် ၂၈ နှစ်အရွယ်ရှိ ဗီဒယ်ကို ခေါ်ယူရန် ပေါင် ၂၆ သန်းပေးချေခဲ့ရသည်ဟု သတင်းများ ကဖော်ပြထားသည်။ ဗီဒယ်သည် ၂၀၁၁ ခုနှစ်က လီဗာကူဆင်မှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေပွဲစဉ် ၁၂၄ ပွဲတွင် ၃၅ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် ဘွန်ဒက်စ်လီဂါပြိုင်ပွဲ အတွေ့အကြုံရှိပြီး ၁၁၇ ပွဲတွင် ၁၅ ဂိုးသွင်းယူနိုင်ခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly